-->

Thursday, October 28, 2010

ဒုတိယ ပင်လုံကို ၀န်းရံကြ


သပိတ်ကော်မတီ -
အညာနွေတမာမြေ

1 comment:

Unknown said...

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေး နွေးရေးကို မဖြစ်မနေလုပ်ဆောင်ကြရပါမည်။
တွေ့ဆုံဆွေးနွေးရေးဟူသည် စစ်အာဏာရှင်နှင့် တွေ့ ဆုံဆွေးနွေးရန်မဟုတ်ပါ။ တိုင်းရင်းသားညီအကို မောင်နှ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက်
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မည်ကဲ့သို့ တည်ဆောက်ကြမည်ဆိုသည်ကို တွေ့ဆုံညှိ နှိုင်း သဘောတူညီချက်များရယူခြင်းပင်ဖြစ်သည်။ ယင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ငန်းလမ်းစဉ်ပင်ဖြစ်သည်။ ပထမအကြိမ်ပင်လုံညီလာခံက သက်သေတည်လျက်ရှိသည်။ ထို့နည်းတူ ယနေ့မျက်မှောက်ကာလတွင်လည်း ဒုတိယအကြိမ် ပင်လုံညီလာခံကဲ့သို့သော ညီလာခံတစ်ရပ်ပေါ်ပေါက် လာရေးသည် မြန်မာ့နိုင်ငံရေး၏ သမိုင်းပေးလိုအပ် ချက်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမ အားလုံး ဒုတိယအကြိမ်ပင်လုံညီ လာခံပေါ်ပေါက်ရေးကို စိုက်လိုက်မတ်တပ် လုံ့လစိုက်ထုတ်ကြရမည်ဖြစ်ပါသည်။