ဒီကနေ့မနက်မှာ လုံခြုံရေးကား ၈စီးအပါအ၀င် ပြည်တွင်းမီဒီယာသမားတွေ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။ သတင်းထောက်တဦးရဲ့ အပြောအရ ထောင်အသိုင်းဝိုင်းကနေ အကျဉ်းသားတချို့လွှတ်ပေးဖွယ်ရှိတယ်လို့ အကြောင်းကြားတဲ့အတွက် အင်းစိန်ထောင်ရှေ့မှာ စောင့်စိုင်းနေရကြောင်း သိရပါတယ်။ အစိုးရ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်နဲ့ အဖွဲ့လည်းရောက်ရှိနေပါတယ်။
အကျဉ်းသားတွေကို ကြိုတင်မဲယူဦးမလား အပြင်မှာမှ ပေးရမလားဆိုတာတွေ စိတ်ဝင်စားနေတဲ့တွက် သတင်းသမားတွေ ရောက်နေသလို အကျဉ်းသားမိသားစုတွေကလည်း မိမိတို့အိမ်သားတွေများ လွတ်လေမလား စောင့်စိုင်းနေကြပါတယ်။ အရင်ရက်တွေက ထောင်တချို့မှာ အက်စ်ဘီအထူးရဲတပ်ဖွဲ့ကနေ အကျဉ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လာရောက်ယူသွားတဲ့အတွက် လွတ်နိုင်ဖွယ်ရှိတယ်လို့ မကြာခင်က ထောင်ဝင်စာတွေ့ခဲ့တဲ့ အကျဉ်းသားမိသားစုဝင် တဦးအပြောရသိရပါတယ်။

အညာနွေတမာမြေ
No comments:
Post a Comment