၂၅.၁၁.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာအမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့Myanmar Solar Rays Co.,Ltd.မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck တန်ဖိုးငွေကျပ် ၁၁၃၀၀၀၀၀/- (တစ်ရာတစ်ဆယ့် သုံးသိန်း)တန် မော်တော်ယာဉ်တစ်စီးအားလာရောက်လှူဒါန်းသွားပါသည်။
ထို့အတွက် အလှူရှင် ဦးဝင်းမြင့်သိန်း ၊ ဒေါ်ခင်မြတ်လှိုင် (Myanmar Solar Rays Co.,Ltd.) မိသားစုတို့အားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓု .. သာဓု .. သာဓုဟုခေါ်ဆိုလိုက်ရပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်ဆက်စပ်သမျှ ဒေ၀တာနတ်မင်း အပေါင်း၊ မြင်အပ် မမြင်အပ်သောပုဂ္ဂိုလ်အပေါင်းနှင့် (၇) ရက်သားသမီးအသင်းသူ/သားများမှ ၀မ်းသာကြည်နူးစွာဖြင့် သာဓုအနုမောဒနာခေါ်ဆိုလိုက်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်ဆက်စပ်သမျှ ဒေ၀တာနတ်မင်း အပေါင်း၊ မြင်အပ် မမြင်အပ်သောပုဂ္ဂိုလ်အပေါင်းနှင့် (၇) ရက်သားသမီးအသင်းသူ/သားများမှ ၀မ်းသာကြည်နူးစွာဖြင့် သာဓုအနုမောဒနာခေါ်ဆိုလိုက်ပါသည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)
No comments:
Post a Comment