-->

Sunday, November 28, 2010

ဦးခင်ညွန့် ဗီဒီယိုနဲ့ပတ်သက်သမျှ

khin nyunt from 88bigguy on Vimeo.



ဒီဗီဒီယိုနဲ့ပတ်သက်ပြီး အညာနွေတမာမြေကတော့ ဒီလိုမြင်ပါတယ်။
လတ်တလောရိုက်ထားတာမဖြစ်နိုင်ဘူး။ ဖြစ်နိုင်ချေရှိတာက မောင်ဝိတ်ကိုဖမ်းတုန်းက မူးယစ်ဆေးဝါးကိစ္စတွေမှာ ဦးခင်ညွန့်ပတ်သက်တယ်ဆိုပြီး တခါခေါ်စစ်ဖူးတယ်။ အဲဒီတုန်းက ထွက်ပေါ်တဲ့သတင်းတွေအရ ဦးခင်ညွန့်ကို ဆံပင်ဆိုးဆေးမပေးဘူး ဆံပင်ကို ကိုယ်တိုင်ဖြတ်ရတယ်ဆိုတဲ့ အချက်လက်တွေနဲ့ နိုင်းယှဉ်ကြည့်မိပါတယ်။ ရဲချုပ်ခင်ရီတို့ခေါ်သွားတဲ့နေရာမှာ ဦးခင်ညွန့်ပြောနေတဲ့ အမူယာတွေကြည့်ရင် ဆံပင်သူ့ဟာသူဖြတ်ရတဲ့အကြောင်းတွေ အမူအရာအရ သိရပါတယ်။နောက်ပြီး ဒီဗီဒီယိုခွေဟာ မိုးတွင်းကာလကြီးဖြစ်နေတယ် ရန်ကုန်မှာ လတ်တလောညပိုင်းမိုးရွာတယ်လို့ မကြားမိလို့ပါ။

နောက်တချက်က ဒီလိုထိပ်တန်းသတင်းကို ဘာလို့ဒီအချိန်မှာထောက်လှမ်းရေးက ထုတ်သလဲဆိုတာပါပဲ ကိုယ့်ဘက်အင်အားက ဒီလောက်ထိထိုးဖေါက်နိုင်ဖို့မလွယ်ပါဘူး။ နအဖမှာ အကြံအစည်တခုရှိနိုင်မယ်။ ရွေးကောက်ပွဲ မတရားမှုတွေ မီဒီယာတွေမှာ ကျယ်ပြန့်နေချိန် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး မီဒီယာပါးစပ်တွေကို ပိတ်စေခဲ့တယ်။ ခု ဒေါ်စုသတင်းတွေ အားရလောက်ပြီထင်တော့ နောက်အာရုံတခုလွှဲတဲ့အနေနဲ့ ဒီသတင်းကို ထုတ်လိုက်တာဖြစ်နိုင်တယ်လို့ ထင်မိပါတယ်။
ဒါ အညာနွေတမာမြေရဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ နအဖ ဘာလုပ်လုပ် မယုံကြည်နိုင်တဲ့ သံသယတွေကြောင့် ဒီလိုတွေးမိတာပါ။
မိတ်ဆွေတို့ ဘယ်လိုမြင်လဲတော့ မသိဘူး
အညာနွေတမာမြေ

1 comment:

A S A said...

This is very good thinking.