ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့
ကြီးမားလှတဲ့မေတ္တာနဲ့ ဥာဏ်အမျှော်အမြင်ကို ဖေါ်ကျူးနေတဲ့နေရာ
ဒီမေတ္တာဂရုဏာတွေကို မဖြူဖြူသင်းက ပဲ့တင်ထပ်နေတဲ့အသံ
ရက်ရောလှတဲ့ မဖြူဖြူသင်းမိသားစုရဲ့ စေတနာကို ဖော်ကျူးနေတဲ့ပြယုဂ်
ဦးဝင်းတင် ဦးတင်ဦးအစရှိတဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့
ခေါင်းဆောင်ကြီးတွေရဲ့ ရင်ငွေ့ခိုလှုံရာနေရာ
အန်အယ်လ်ဒီလူငယ်တွေရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့
ရုန်းကန်လှုပ်ရှားတက်ကြွတဲ့စေတနာကို ဖေါ်ကျူးနေတဲ့ပြယုဂ်
ဒီပြယုဂ်မှာ ကျိုးပဲ့စိတ်ဓါတ်နဲ့ ငိုငြီးနေတဲ့အသံတွေကို ချွေးသိပ်ဖြေရာနေရာ
အဲဒီကောင်းမှုအစုစုရဲ့ လူမှုအလှဗေဒတရားကို ဆေးသားတင်ထားပေးရာနေရာ
အဲဒါကြောင့်မို့ ဒီနေရာကို ကျနော်က တဖ၀ါးမှမခွာချင်ဘူး
ရာဇာ
တောင်ဒဂုံမှာ အန်အယ်လ်ဒီအဖွဲ့ချုပ်က စောင့်ရှောက်ထားတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေကို အာဏာပိုင်တွေက ၂၅ ရက်နေ့မှာ နေခွင့်မပေးတော့ဘူးလို့ ပြောပြီးနောက်ပိုင်းရေးဖွဲ့သည်။
Tuesday, November 23, 2010
ဖဲကြိုးနီတို့ဆန္ဒ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment