ဒီကနေ့ နံနက်ပိုင်းက ရွှေဂုံတိုင်ရုံးချုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတ၀ှမ်းက လူငယ် ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ အခမ်အနားအစီစဉ် ၁၀ ရပ်ဖြင့်ကျင်းပပြီး ဦးတင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီနောက် အလေးပြုခြင်း အခမ်းအနားကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပါတယ်။
သူမိန့်ခွန်းပြောအပြီးမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက တက်ရောက်လာတဲ့ လူငယ်များမှ အကြံပြုချက် လိုအပ်ချက်တွေ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ပြီး အသေးစိတ်ရှင်းလင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွင်း ထိရောက်တဲ့ ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ပြီး ပြည်သူ့ကွန်ယက်ကို အမြန်ဆုံးအကောင်ထည်ဖေါ်ရန်နဲ့ အန်အယ်လ်ဒီမဟုတ်တဲ့ တနိုင်ငံလုံးက တက်ကြွလူငယ်တွေကို တွေ့ဆုံဆွေးနွေးရန် အကျယ်တ၀ံ့ဆွေးနွေးသွားပါတယ်။
အညာနွေတမာမြေ
No comments:
Post a Comment