-->

Monday, November 8, 2010

မြ၀တီမှာ ပွဲကြမ်းကုန်ပြီ

ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေး ခေါ် စောလားပွယ် ဦးဆောင်တဲ့ တပ်တွေက မြ၀တီမြို့ကို ၀င်သိမ်းလို့ဆိုပြီး နအဖတပ်တွေနဲ့ အပြန်အလှန်ပစ်တာတွေ ဖြစ်တယ်။ ဒီနေ့ မနက် ၉ နာရီလောက်က စပြီး ပစ်ခတ်သံတွေ ကြားနေရတယ်။

မြ၀တီမြို့ ထဲ မှာ ပစ်ခတ်မှု ဖြစ်ပွားနေပါတယ်။ ထိုင်းဘက်က ကာစတန်ရုံးရှေ့အထိ လက်နက်ကြီး ကျည်ဆံကျပါတယ်။
မြ၀တီမှာဆို အိမ်တွေကိုတောင်ပစ်တယ် လို့ကြားပါတယ်။ လူတွေ ဘယ်ပြေးရမှန်းမသိဖြစ်နေတယ်။ မြို့ထဲတင်
လက်နက်ငယ်နဲ့ လှမ်းဆော်နေကြတယ်။

KNU အထူးတပ် ကလည်း ဘုရင့်နောင်ကုန်းကို တက်သိမ်းပြီလို့ သတင်းတွေ ထွက်နေပါတယ်။ မြန်မာပြည်သူတွေ မဲဆောက်ဖက်ကို ပြေးလာလို့ မရပါဘူး။ ထိုင်းဖက်က ပိတ်ထားပါတယ်။ တချို့ တောထဲ ပြေးပုန်းနေကြပါတယ်။

မြ၀တီက ဈေးကြီးနဲ့ ညဈေးမှာ စပစ်ကြတာလို့ သိရပါတယ်။ မနက်လင်းကြီးကတည်း လက်နက်ငယ်နဲ့ အနည်းငယ်စပစ်ပြီး မနက် ၈ နာရီကျော်တော့ အာရ်ပီဂျေစတဲ့ လက်နက်ကြီးတွေနဲ့ စပစ်တယ်လို့ သိရပါတယ်။ သေနတ်သံတွေ လှမ်းကြားနေရတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။

မနက်အစောပိုင်းက မဲဆောက်ဖက်ခြမ်း မြ၀တီတံတားအဆင်းက စစ်ပစ္စည်းတွေရောင်းတဲ့ဆိုင်ရှေ့မှာ လက်နက်ကြီးကျည်ဆံကျလို့ ထိုင်း ၃ဦး ဒဏ်ရာရတယ်။ တံတားကနေ သွားဝိုင်းအော် အားပေးဖို့ ဈေးထိပ်မှာ ၁၂ နာရီကျရင် လူစုမယ်လည်း ပြောနေကြတယ်။

ဒီနေ့ မြ၀တီမြို့ပေါ်မှာ အပြင်ထွက်လို့ မရကြတော့ဘူး။ ထွက်တဲ့လူတွေ အပစ်ခံရတယ်တဲ့။ ပေါ်တာလည်း စဆွဲနေပြီပြောတယ်။ အိမ်ဖုန်းလိုင်းတွေ အားလုံးဖြတ်ထားတယ်ကြားတယ်။ ညဈေးဘက်ကနေ တောရကျောင်း. ကြံခင်းကျောင်းဘက်တွေမှာ လက်ရှိဖြစ်နေသေးတယ်။ စစ်သားအလောင်းပုံနေတယ်ကြားတယ်။

မနက် ၁၀း၃၈ မှာ အမှတ်၅ရပ်ကွက်ကြံ့ ဖွံ့ရုံး ကို ရော့ကက်နဲ့ ပစ်တယ်၊ အတွင်းမှာ ရယကတွေ၊ကြံ့ ဖွံ့၊ အရံမီးသတ် တွေရှိနေတယ်၊ အသေအပျောက် မသိရသေးဘူး။ လက်နက်ကြီး ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေ ဆူညံနေတာပဲ။ သင်္ကန်းညီနောင်မှာတော့ နအဖ တပ်က အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ လုပ်ထားတယ်လို့ ကြားတယ်။

မနေ့ ကလည်း မြ၀တီမှာ ဒီကေဘီအေ စောကျော်သက် အဖွဲ့က ဆန္ဒပြနေတဲ့အတွက် နအဖ နဲ့  ဒီကေဘီအေ အဖွဲ့ တို့  ကြားမှာ တင်းမာမှုတွေဖြစ်တယ်လို့ သိရတယ်။ ဒါကြောင့် မြ၀တီကို ဒီကေဘီအေ သိမ်းတယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ပြဿနာ ဘယ်လိုစဖြစ်လဲတော့ မသိရသေးဘူး။ မနေ့ညကတည်းက တမြို့လုံး တိတ်ဆိတ်နေပြီး ပြဿနာ တခုခု တက်နေတယ်လို့ပဲ မြို့ခံတွေက ပြောကြတယ်။ တချို့ သုံးသပ်သူတွေကတော့ ကေအန်ယူနဲ့ ဒီကေဘီအေ ပေါင်းပြီးတိုက်နေတယ်လို့ ပြောကြတယ်။

သေနတ်သံတွေကြောင့် မဲဆောက်ဖက်ခြမ်း နယ်စပ်တလျောက် အန်ဂျီအိုများဖွင့်လှစ်ထားတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ကလေးတွေတက်တဲ့ ကျောင်းများကို ထိုင်းအာဏာပိုင်များက ပိတ်ရန် ညွန်ကြားထားပါတယ်။ ထိုင်းဆေးရုံကားတွေ ဥဒဟိုသွားနေတယ်။

လောလောဆယ်မှာတော့ ထိုင်းနယ်စပ်ကို လက်နက်ကြီး ကျည် ၆လုံးကျပြီး ၁၅ယောက်လောက်ဒါဏ်ရာရလို့ မဲဆောက်ဆေးရုံကြီးကိုပို့ဆောင် လူသေတာများတယ်ပြောတယ်။ အခု ကမ်းနားက လူတွေကို အထဲဖက်တွေ ၀င်ခိုင်းနေတယ်။ ထိတဲ့အထဲမှာ သတင်းထောက်တွေလည်း ပါတယ်လို့ သိရတယ်။

ထိုင်းက STV မဲဆောက်သတင်းတွေမှာ ပါတယ်။ တံတားထိပ် လူတွေ ပေးမသွားတော့ဘူး။ မာရှယ်လော ထုတ်လိုက်ပြီ။ လူမစုရ။ ကမ်းနားမသွားရ။ အပြင်တော့ ထွက်လို့ရသေးတယ်။


(မြ၀တီ-မဲဆောက်က လာတဲ့ သတင်းတွေဖြစ်ပါတယ်)

No comments: