ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ဥာဏ်ရည်မမှီတဲ့ မိန်းကလေးငယ်တယောက်ကို ခလရ ၇၇ တပ်ရင်းက တပ်သား မောင်မောင်ချေ ကိုယ်ပိုင်အမှတ် (တ-၃၃၆၂၁၈) က အဓမ္မပြုကျင့်ခဲ့တာကို ဥပဒေအရ အရေးမယူပေးသေးဘူးလို့ မိသားစုဝင်တွေက ပြောပြပါတယ်။
မြို့ပြင်နွားစားကျက်မှာ တူမလေးတယောက်နဲ့ အတူတူနွားကျောင်းနေတုန်း တပ်သားမောင်မောင်ချေက အဓမ္မပြုကျင့်တာကို အော်ဟစ်အကူညီတောင်းတာကြောင့် ရပ်ကွက်ထဲက လူတွေက ၀ိုင်းဖမ်းပြီး ရဲစခန်းခေါ်သွားတဲ့အခါ၊ ရဲစခန်းမှာ အမှုဖွင့်နေတုန်း တပ်က အရာရှိတွေက သူတို့ တပ်သားကို ပြန်လာခေါ်သွားပြီး အခုထိ အရေးယူတာ မရှိသေးဘူးလို့ မိန်းကလေးရဲ့ အမက ပြောပါတယ်။
ဆေးရုံဆေးစစ်ချက်တွေအရ မုဒိန်းမှုမြောက်နေလို့ ပုဒ်မ ၃၇၆၊ ပုဒ်မ ၅၁၁ တို့နဲ့ ညောင်လှရဲစခန်းက အမှုဖွင့်ပေးထားပြီး တပ်စည်းကမ်းတွေအရ အရေးယူဖို့ တပ်ကိုလွှဲထားတယ်လို့ သိရပါတယ်။
တပ်က အရာရှိတွေက ကာယကံရှင် မိန်းကလေးရဲ့ မိဘတွေကို ငွေ ၃ သိန်းကနေ ၄ သိန်းအထိ ပေးပြီး ကျေအေးပေးဖို့ ကမ်းလှမ်းပေမယ့် မိဘတွေက ဥပဒေအရသာ အရေးယူပေးစေချင်လို့ ငွေကို မယူဘူး၊ တရားဥပဒေအတိုင်း မလုပ်ပေးရင်တော့ အထက်အဆင့်ဆင့်ကို တိုင်မယ်လို့ ပြောပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment