-->

Friday, November 19, 2010

ဒေါ်စုတွေ့ခဲ့တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေကို နေခွင့်မပေးတော့ဘူးတဲ့

AIDS ဝေဒနာရှင်တွေစုနေတဲ့ တောင်ဒဂုံက မဖြူဖြူသင်းရဲ့ဂေဟာ မှာနေတဲ့ လူနာတွေကို ဧည့်စာရင်းတိုင်ခွင့်မပေးပဲ ၂၅ ရက်နေ့မှာ ဆက်နေရင် တရားစွဲမယ်တဲ့ဗျာ။ ဒီလိုအစိုးရမျိုး ကမ္ဘာမှာရှိသလား သိရင်ပြောပေးကြပါ။ ၁၇ ရက်နေ့က အန်တီစု ဝေဒနာသည်တွေကို သွားတွေ့ပြီး အားပေးတဲ့အချိန်က လူထုကလည်း အဲဒီနားတ၀ှိုက်မှာအပြည့်ဆိုတော့ နအဖ မရှူစိမ့်မနာလို ဖြစ်ပုံရပါတယ်။

အတော်စုတ်ပဲ့တဲ့လူတွေပဲ လူထုယုံကြည်မှု လေးစားမှုကို ကိုယ်တိုင်လုပ်ယူမှရမယ်ဆိုတာ သဘောမပေါက်ဘူး။ သူများကို မနာလိုဖြစ်နေတယ်။ ဒီဝေဒနာသည်တွေကို ဆေးတတောင့် ရေတခွက် မတိုက်ချင်ပဲ ခုလိုလုပ်တာတော့ အတော်အကျည်းတန်ပါတယ်။ေ၀၀ဒနာသည်တွေကတော့ ဖြစ်ချင်ရာဖြစ် ဖမ်းချင်ဖမ်း သေချင်သေ အဲဒီမှာပဲ ဆက်နေမယ်တဲ့ဗျား

အညာနွေတမာမြေ

No comments: