မြို့တော်ခန်းမနားက Sky Net အင်တာနက်ဆိုင်မှာ ဗုံးတွေ့တယ်ဆိုပြီးတဲ့နောက် ရန်ကုန်ထဲက အင်တာနက်ဆိုင်တွေ လုံခြုံရေးအတွက် CCTV ကင်မရာတွေကို ၃ ရက်အတွင်း အပြီး တပ်ရမယ်လို့ မြို့နယ်တိုင်းက အင်တာနက်ဆိုင်တွေကို မြို့နယ်မှူးတွေက ခေါ်ပြောလိုက်ပါတယ်။
ဒါ့အပြင် အင်တာနက် လာသုံးတဲ့သူတွေ နိုင်ငံရေးအတွက်သုံးသလား၊ ပရောက်ဆီတွေ ခံပြီး နိုင်ငံရေး ၀ဘ်ဆိုဒ်တွေ ကြည့်သလားဆိုတာကိုလည်း စောင့်ကြည့်ဖို့ ညွှန်ကြားလိုက်တယ်လို့ ရန်ကုန်က အင်တာနက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
အဲ့ဒီလို သုံးနေတာကို တွေ့ရင် မှတ်ပုံတင်နံပါတ်၊ ကိုယ်ရေးအချက်အလက်တွေ မှတ်ထားပြီး သက်ဆိုင်ရာကို အကြောင်းကြားဖို့လည်း ပြောပါသတဲ့။ ဒီလိုဒီလို သူတို့ မှာကြားတာတွေ လိုက်မလုပ်ရင် ဆိုင်ကိုပိတ်မယ်၊ တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြောပါတယ်။
မကြာခဏ ဆိုင်တွေထဲလည်းဝင်ပြီး ရှောင်တခင် စစ်ဆေးပါမယ်တဲ့ .. နအဖ ကတော့ ဘယ်လို ခြေလှမ်းတွေ လှမ်းနေတယ်ဆိုတာ ဘော်ဒါတို့ရေ .. သတိ သတိ

No comments:
Post a Comment