တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက် မှ ၁၇ ရက်နေ့ထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးမှာ ၂၀၁၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ် နဲ့ မဲမသမာမှုများကို ဆွေးနွေးကြပါသည်။
မြန်မာ့ဆိုရှယ်လစ်ပါတီ တစ်ဖြစ်လဲ တစညပါတီသည် ရွေးကောက်ပွဲတွင် နေရာ ၁၀၀၀ တစ်ထောင်နီးပါး ပါဝင် ရှင်ပြိုင်ခဲံပြီး နေရာ ၅၀ သာ အနိုင်ရခဲ့ပါသည်။ အလားတူ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း နေရာ ၃၀ ကျော်သာ နိုင်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို ပြည်နယ်တိုင်းစည်းရုံးရေးမှုးအားလုံး တက်ရောက်လျှက်ရှိသည့်အထဲတွင် ကယားပြည်နယ် စည်းရုံးရေးမှူး ဦးအောင်သိန်းလည်း ပါဝင်ပါသည်။
ကယားပြည်နယ်မှာ လွှတ်တော်နေရာ ၃၄ နေရာ အနက် တစညမှ ၃၂ နေရာ ပါဝင်ရှင်ပြိုင်ခဲ့ပြီး အားလုံးရှုံးနိမ့်ခဲ့ပါသည်။ တစညလွှတ်တော်အမတ်လောင်းများမှ မဲမသမာမှုနှင့် မတရားမှုများကို သက်ဆိုင်ရာထံတိုင်ကြားရန် ပြင်ဆင်ဆောင်ရွက်ခဲ့ကြသော်လည်း ပြည်နယ်စည်းရုံးရေးမှုး ဦးအောင်သိန်းမှ ကန့်ကွက်တားမြစ်ခဲ့ပါသည်။ ထိုကြောင့်တိုင်ကြားမှုအစီအစဉ်အား ရပ်စဲခဲ့ရပါသည်။ စည်ရုံးရေးမှူး ဦးအောင်သိန်းသည် ပြည်ခိုင်ဖြိုးပါတီ၏ ကယားပြည်နယ်တာဝန်ခံ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင် နှင့် ရင်းနှီးခင်မင် သူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးအတွက် ကျွန်းစိုက်ခင်း ဧက ၁၀၀ ( တစ်ရာ) ကို လိုင်စင်ဖြင့် ရရှိထားသူဖြစ်ကာ၊ ကယားပြည်နယ် ရွေးကောက်ပွဲတွင် တစညပါတီ ရှုံးနိမ့်ခဲ့ပါသော်လည်း အေးဆေးစွာ နေနိုင်သူတစ်ဦးဖြစ်ကြောင်းပါခင်ဗျား။

အညာနွေတမာမြေ
No comments:
Post a Comment