၂၀၀၇ စက်တင်ဘာ သံဃာလှုပ်ရှားမှုကာလအတွင်းမှာ စစ်ဗိုလ်ချုပ်တွေကို သားသုံးသားရှင်းလင်းရေး ဟောကြားလမ်းညွန်ခဲ့တဲ့ ပဲခူးကြခတ်ဝိုင်းဆရာတော် ဦးဇောတိပါလဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ညက ပျံလွန်တော်မူသွားပါပြီ။ သူဟောကြားခဲ့တဲ့တရားတော်မှာ မီးကြွင်းလည်းမထားနဲ့ ရန်ကြွင်းရန်စလည်းမထားနဲ့တဲ့ ဘုရားသား ကျောင်းသား စစ်သားတွေကို လိုအပ်ရင် အပြတ်ရှင်းဖို့ ဟောခဲ့တာကို အားလုံးအမှတ်ရကြမှာပါ။ ဆရာတော်က သူ့ကျောင်းကို ဆန္ဒပြသံဃာတွေက ရေသန့်ဗူးနဲ့ပေါက်လို့မှန်ကွဲတယ်ဆိုပြီး သက်ဆိုင်ရာကို တိုင်ကြားရာက သံဃာတော်တွေကို အကြမ်းဖက်သူတွေလို့ သတ်မှတ်ပြီး နအဖတွေစစ်ဘီလူးတွေက နှိမ့်နင်းတော့တာ သတိရမိကြမှာပါ။
ဘာဂိုဏ်းညာဂိုဏ်းဆိုတာထက် တကိုယ်တော်နာမည်ကြီးမှုကိုရှေ့တန်းတင်ပြီး မျက်နှာလိုအားရလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ပဲခူးဒေသခံကြားမှာ ဆရာတော်ကို အရိုအသေတန်သွားခဲ့ပါတယ်။ ဆရာတော်ရဲ့အနီးကပ်တပည့်တွေ အဝေးရောက်တပည့်တွေလည်း ဒီကိစ္စကြောင့်မျက်နှာငယ်ခဲ့ရပါတယ်။ ဆရာမကောင်းရင်လည်း တပည့်ခေါင်းကို ကျတတ်ပါတယ်။ မိဘမကောင်းရင်လည်း သားသမီးမှာ အရိပ်မဲဖုံးအုပ်တတ်ပါတယ်။ လမ်းမှားညွန်ပြတဲ့ ဒေ၀ဒတ်လိုလူကို ဆရာတင်မိရင်တော့ ၅ပါးတင်မက သံဃာစင်ပါမှောက်သွားမှာပါ။ အရင်က ဘယ်လောက်ပဲ သာသာနာကို မြတ်နိုးပါတယ်။ ကောင်းကျိုးတွေသယ်ပိုးပါတယ် ဆိုတဲ့ ဆရာတော်ရဲ့အဖြူရောင်ပန်းချီကားဟာ ဒီလုပ်ရပ် အမည်းရောင်ကြီးကြောင့် ဆရာတော်ရဲ့သမိုင်းကို မလှမပဖြစ်သွားရပါတယ်။
ကိုင်း ရှေ့ကလမ်းညွန်ပြတဲ့ ဆရာတော်တော့ကြွသွားရှာပြီ ခိုင်းတဲ့တိုင်းလိုက်လုပ်တဲ့ နောက်လိုက်ဗိုလ်မှူးဗိုလ်ပါ အားလုံး ဘုရားသာ တထားပေရော့
မရဏဆိုတာ ဘယ်သူ့ကိုမှချန်မထားတာမှန်ပေမယ့် ကျန်ရစ်ခဲ့တဲ့သမိုင်းလေး လှနေနိုင်ကြပါစေ

No comments:
Post a Comment