-->

Monday, February 28, 2011

၅ ဦးဒဏ်ရာရတဲ့ အင်းစိနှ်ဗုံး

ဖေဖေါ်ဝါရီ ၂၇ ရက် ညနေ ၇နာရီလောက်က အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျအိမ်ယာ တိုက်နံပတ် ၂ အနီးကွမ်းယာဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၅ဦးဒဏ်ရာရသွားတယ်လို့ သတင်းရရှိပါတယ်။ အောင်ဇေယျအိမ်ယာအနီးမှာ နေထိုင်တဲ့ အင်းစိန်ဒေသခံတဦးက ပေါက်ကွဲမှု အဖြစ်အပျက်နဲ့ နောက်ဆုံအခြေအနေကို ခုလိုပြောပြပါတယ်။


ကမ်းနားအလယ်ရပ်၊ အောင်ဇေယျအိမ်ရာ၊ တိုက်အမှတ် ၂၊ တံတားနား ဆေးဆိုင်ဘေးက ကွမ်းယာဆိုင်မှာ။ သုံးယောက် ကလေး ၂ ယောက်၊ မိသားစုပေါ့နော်။ ကလေး ၂ ယောက်နဲ့ လူကြီးတယောက် ဒဏ်ရာရသွားတယ်။ ကြားတာကတော့ ၅ ယောက်လောက်ရတယ်လို့ ကြားတယ်။ ဗုံးခွဲတယ်လို့ ယူဆရတဲ့သူကတော့ ခြေထောက်တချောင်းပြတ်ပြီးတော့ အဲ့ဒီ သူ့လက်ထဲမှာ နောက်ထပ်ဗုံးတလုံးရှိသေးတယ်။ သူနဲ့သူနေတဲ့အခန်းက ဘေးက အခန်းမှာ နောက်တယောက်ရှိသေးတယ်။ အဲ့တယောက်ကို ရှာဖွေပြီးတော့ဖမ်းခေါ်သွားတယ်။ အခုတိုက်ခန်းတွေအကုန်လုံး တံခါးတွေအကုန်လုံး အောက်ကနေ ပိတ်ခိုင်းတယ်။ အ၀င်ဝတံခါး လှေကားတံခါးတွေအကုန်လုံး ပိတ်ခိုင်းတယ်။ အပြင်မထွက်ခိုင်းဘူးပေါ့ဗျာ။ ရပ်ကွက်ထဲမှာ လုံခြုံရေး အပြည့်ချထားတယ်။

အင်းစိန်ရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့မရခဲ့ပါဘူး၊ အင်းစိန်မြို့နယ်မှုးရုံးကတော့ ဟုတ်မှန်ကြောင်းအတည်ပြုပြောပြီး အသေးစိတ်စာရင်းကိုတော့ သူတို့ဆီတက်မလာသေးတဲ့အတွက် မသိသေးဘူးလို့ပြောပါတယ်။ ရန်ကုန်ဆေးရုံကြီးကိုခေါ်ဆိုမေးမြန်းတဲ့အခါမှာလည်း ဖြေဆိုခွင့်မရှိကြောင်းပြောပါတယ်။ အေအက်ဖ်ပီသတင်းတရပ်မှာတော့ ဗုံးသယ်ဆောင်လာသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာ လမ်းဘေးဈေးဆိုင်တခုနားအရောက်မှာ ကွမ်းဝယ်နေတုံး သူ့အိတ်ထဲက ဗုံးကို မတော်တဆ ဖြုတ်မိတဲ့အချိန် ပေါက်ကွဲသွားပုံရတယ်လို့ တာဝန်ရှိသူကပြောတာကို ကိုယ်းကားရေးထားပါတယ်။ ဒဏ်ရာရသူအရေအတွက်ကိုတော့ ဗုံးသယ်ဆောင်လာသူ အပါအ၀င် ၈ယောက်ဒဏ်ရာပြီး ဒီထဲမှာ ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်၊ ၁၃ နှစ် ယောင်္ကျားလေးတယောက် ပါတယ်လို့ ရေးထားပါတယ်။ အေပီသတင်းမှာတော့ ၄ယောက်ဒဏ်ရာရတယ်လို့ ရေးထားတာကိုတွေ့ရပါတယ်ခင်များ။

No comments: