အသံတစ်မျိုးအတွက်
အလင်းမဲ့အမှောင်ခန်းထဲမှာ
အတွေးတွေကမ၀ံ့မရဲ၊ တစ်ဖက်စွန်းရောက်လို့ 
မဖြစ်မနေမျိုးစေ့ချ
စိုက်ပျိုးခဲ့တာမဟုတ်ဘူးလေ။
စိုးထိတ်မှု ဂရုဏာတွေထက်
ခန္ဓာနဲ့အသက်ကိုသုသာန်ထဲ
ပေါင်လိုက်ရွေးလိုက်၊
အနာဂတ်တစ်ခုကို မှန်းရည်ရွယ်
အလင်းနဲ့အမှောင်ကြား၊
တစ်ခါတစ်ခါ၊ သတိတောင်မှလစ်လို့နော်။
အချိန်တန်လို့ အိုလာတာလေ
(၉၆)ပါး ဝေဒနာတော့ရစမြဲပေါ့။
ခဏတာလေး
အမေ့ကြောင့်ရသွားတဲ့ ဒုက္ခတွေအတွက်
မညည်းငြူပါနဲ့။
တစ်ချိန်ကပြည်တည်နေသော အနာအမျိုးမျိုး၊ ရောဂါအဖုံဖုံကို
နှာခေါင်းမတွန့်၊ စိတ်မငြိုငြင်ပဲ ဆေးထည့်၊ဆေးတိုက်ခဲ့သော
အတိတ်ကအမေ့ကို သတိလေးရပေးပါလား
သားတို့၊ သမီးတို့ အနာဂတ်အတွက်မို့လေနော်။
နာကျင်မှုတွေကြောင့်ထက်
ရောဂါတွေကြောင့်၊ ရောဂါဖြစ်နေတာလေ
ဘယ်သူကများခံစားချင်မှာတုန်း
မကြားလို့ မေးတာ၊ မနိုင်လို့ခိုင်းတာ၊
ခေတ်မမှီလို့ ၀င်ပြောမိတာတွေအတွက်
မငြိုညင်ပါနဲ့ကွယ်။
ငယ်စဉ်အချိန်ကမေးခဲ့တဲ့ မေးခွန်းလေးတွေအတွက်
ဂရုဏာအပြည့်နဲ့ ဖြေပေးခဲ့တဲ့
အမေ့ကို သတိရပေးပါ
သားတို့ သမီးတို့ အနာဂတ်အတွက်မို့ လေနော်။
အနာဂတ်ထဲမှာ ပန်းပွင့်လေးတွေရနံ့ သင်းထုံနေဖို့
မောပန်းစွာ ရှင်သန်ရုံးကန်ခဲ့တဲ့ အမေ့ကို
စည်းတော့ မခြားမိစေနဲ့နော်။
ခေတ်ပညာမြင့်မားတဲ့ သက္ကရာဇ်ထဲမှာ
အတုမယူသင့်တာတွေ မယူမိဖို့
စိုးရိမ်မှုတွေနဲ့ ပြောနေမိတာပါ
အမေ့ကို စိတ်မခုမိပါစေနဲ့ကွယ်နော်
သားတို့၊ သမီးတို့ အနာဂတ်အတွက်မို့ လေနော်။
မေတ္တာအပြည့်နဲ့ ပြောနေတာပါ
ဒီအဘွားကြီးက နေရာတစ်ကာ
ဝင်စွတ်ဖတ်တယ် မထင်ပါနဲ့နော်
တစ်ချိန်က မအိပ်ခင်ပြောပြခဲ့ဖူးသော
ပုံပြင်လေးတွေထဲက အမေကိုပြန်သတိရပေးပါနော်။
နေလင်းဖြိုး
(ဒီကဗျာလေးက သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမတွေ အားလုံးအတွက် အသုံးဝင်မလားမေးတာထက် ဖတ်ပြီးမှတ်သွားရင် ကျေနပ်ပါပြီ)
Monday, February 28, 2011
ဆည်းဆာ စုန်ရေ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment