-->

Friday, February 11, 2011

မီးမလာလို့ ရေနံဆီမီးအိမ်ထွန်းပြီး သတင်းကြေငြာ


သတင်းများကို ရေနံဆီမှန်အိမ်ထွန်းပြီး ကြေငြာပါတော့မယ်ရှင်...
Here is the news - read to you by lantern light


နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှုများအား သက်သေပြ၊ အလေးထားသည့်အနေဖြင့် နီပေါနိုင်ငံ၏ ထိပ်တန်း ရုပ်မြင်သံကြားအသံလွှင့်ဌာနတစ်ခုမှ ညစဉ်သတင်းများအား မီရောင်မှိန်မှိန် (မှောင်ရီဝိုးတစ်ဝါး)အခြေအနေဖြင့် စတင်ပြီးထုတ်လွှင့် တင်ဆက်ခဲ့ပါတယ်....

နီပေါနိုင်ငံ၊ ကန်တီပူရ် ရုပ်မြင်သံကြားဌာနမှ ည ၇ နာရီတွင်ထုတ်လွှင့်သည့်မိနစ် ၃၀ ကြာ သတင်းအစီစဉ်များ ထုတ်လွှင့်ရာတွင် (သတင်းဖတ်ကြားကြေငြာသူက) ရေနံဆီမီးအိမ်ကိုသာ အသုံးပြုပြီး ကြေငြာနေသည်ကို ယခုဖေဖော်ဝါရီလမှ စတင်ပြီး ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်...

ကန်တီပူရ်သတင်းဌာန အကြီးအကဲက ယခုကဲ့သို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ဖြစ်ပျက်နေသည့်
(မီးမမှန်မှု) ပြဿနာကို နီပေါအစိုးရအနေနဲ့ အရေးယူ ဆောင်ရွက်ဖြေရှင်းနိုင်ရန် ဖိအားပေးသည့် အနေဖြင့်
ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်...


နီပေါကလေးငယ်တွေအတွက်ကတော့ ဖယောင်းတိုင်မီးနဲ့ စာကျက်ရတာကို အသားကျနေကြပြီ
Nepalese school children have become used to working by candle light

ယခုအခါနီပေါနိုင်ငံတွင် တစ်နေ့ လျှင် ၁၂ နာရီမီးပြတ်လျှက်ရှိပါတယ်...

"အစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အားများပိုမိုထုတ်လုပ်ပေးဖို့ ကျွန်ုပ်တို့ ဆန္ဒရှိပါတယ်...ယခုအထိတော့(ဒီအစီအစဉ်နဲ့ ပါတ်သက်ပြီး) ပရိတ်သတ်ဆီက အလွန်အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေရပါတယ်...ဒါပေမယ့် အစိုးရထံမှတော့ ဘာမှမတုံ့ပြန်သေးပါဘူး..." လို့ ရုပ်မြင်သံကြားသတင်းဌာန အကြီးအကဲ တာသာကိုရာလာ ကပြောကြားခဲ့ပါတယ်...



ဒီသတင်းအကြောင်း ဗီဒီယိုဖိုင်

(Forward Mail ကရတဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ပါ။ ရေးသူက ကိုပီတာလို့ ဖော်ပြထားပါတယ်။ သူများနိုင်ငံတွေက သတင်းစာဆရာတွေကတော့ ဒီလို ဒီလို လုပ်နိုင်ကြတယ်။ ဒို့နိုင်ငံမှာတော့ ?? )

အညာနွေတမာမြေ

No comments: