ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ရွာအဝင်လမ်းမကြီးကို လည်းကောင်းတို့ပါတီမှခင်းပေးပါမည်ဟု ရွေးကောက်ပွဲမတိုင်ခင်က ရွာသူ/ရွာသားများအားကတိပြုခဲပြီး ယ္ခုအခါ ကျေးရွာနေပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းစီ အနည်းဆုံးထား ကောက်ခံလျှက်ရှိကြောင်းသတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်လို့ ရန်ကုန်တိုင်း သန်လျှင်မြိုနယ်ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံဖြိုးရေးပါတီသည် လည်ကောင်းတို့အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးသည့်အနေဖြင့် နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲမတိုင်မှီကာလတွင် ရပ်ကွက်ကျေးရွာအသီးသီးရှိ မြေသားလမ်းများကို စည်ပင်သာယာရေးအဖွဲ့၏ စက်ယန္တယားများနှင့် ငွေကြေးများကိုအသုံးပြုပြီး လမ်းခင်းခြင်း လမ်းဖွင့်ပွဲများပြုလုပ်ခဲ့ခြင်းများကိုလည်းကောင်း သူတို့ပါတီမဲရရေးအတွက် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ ရွာအဝင်လမ်းမကြီးအား နိုဝင်ဘာ(၇)ရက်နေ့ရွေးကောက်ပွဲမတိုင်ခင်က သန်လျှင်မြို့ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံးဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးသောအနေဖြင့် လမ်းခင်းပေးမည်ဟုဆိုကာ ကျောက်ခဲများအားလမ်းဘေးဝဲယာတစ်လျှောက် ပုံချထားခဲ့ပါသည်။ နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲနေတွင် (NDF)ပါတီမှ ဗိုလ်ချုပ်ကျေးရွာတွင် မဲအများစုရရှိသွားသဖြင့် ရွာလမ်းမကြီးအား ဆက်လက်ခင်ကျင်းပေးခြင်းမပြုတော့ပါ။
ရွာသူ/ရွားသားများအနေဖြင့်လည်း မကျေမနပ်ပြောဆိုမှူများရှိလာသောအခါ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီတိုမှ ဦးဆောင်ပြီး တစ်အိမ်ထောင်လျှင် လမ်းခင်းကျင်ရန်အတွက် အနည်းဆုံးတစ်သောင်းကျပ် ထည့်ပေးရမည်ဟု အတင်းအကြပ်လိုက်လံကောက်ခံခဲ့ပါသည်။
ထို့နောက်ရွာအဝင်လမ်းမကြီးအား ကျောက်ကြမ်းများသာခင်ထားပြီး လမ်းမကြီးကိုလည်း အနှေးယဉ်/အမြန်ယဉ်များသွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားသည်မှာ (၂)လခန့်ကြာမြင့်နေပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
ဗိုလ်ချုပ်ကျေးရွာနေ ရွာသူ/ရွာသားများအနေဖြင့် ကုန်ဈေးနုံးကြီးမားပြီး စားဝတ်နေရေးခက်ခဲသည့်ကြားက တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းကိုအတင်းအဓမ္မထည့်ဝင်ခိုင်းပြီး လမ်းကိုပြီးအောင်မခင်းပေးဘဲ ပိတ်ဆိုထာသဖြင့် နေစဉ်ခရီးသွားပြည်သူကျောင်းသားကျောင်းသူ အလုပ်သမားများသွားလာရခက်ခဲမှုကြောင့် ရွာသူ/ရွာသားများ မကျေမနပ် ဖြစ်နေကြောင်းသတင်းရရှိပါသည်။

No comments:
Post a Comment