အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သားအရေး ဆောင်ရွက်ပေးနေတဲ့ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာပါ။
အညာနွေ တမာမြေ
…………………
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ---
ဒီစာကို လေးစားစွာဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန်ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာစဉ်စားပြီး ဖြေပေးစေလိုပါတယ်။
(၁) ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲမပေးပဲ နေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ။ ပြင်ဆင်ထားပြီလား။
(၂) VOA-RFA-BBC-DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့အန်အယ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကိုမှီအောင် ဒေါ်စုမှီအောင် လိုက်မလုပ်နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။
(၃) ဒေါ်စုအနေနှင့် ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှမလုပ်ပေးနိုင်တာကို သတိပြုမိရဲ့လား။
(၄) လယ်ယာမြေကိစ္စ - မတရားဥပဒေမဲ့ အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား။ (ဒီအချက်ဟာ အဓိကနိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)
(၅) ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက်ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ်ဆိုသော စကားများ ပြောကြားထုတ်ဖေါ်ခဲ့သော ကိစ္စတခုမျှ မအောင်မြင်ခဲ့သည်ကို ပြန်လည်သုံးသပ်မိပါသလား။
(၆) ယခုဒေါ်စုနှင့် အန်အယ်ဒီပါတီ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်တာမအောင်မြင်ဘူး၊ အစိုးသစ်ပေါ်လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။
(၇) မြင့်သောနေရာမှာနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ်ဆွေးနွေးရမည့်အစား ဒေါ်စုကိုတွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ် ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။
ဦးအေးမြင့် (လမ်းပြကြယ်)
၂၀၁၁ခုနှစ်၊ ဧပြီလ (၂၀)ရက်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
1 comment:
ဟုတ်ပါပြီ။ အခုလို ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းများမေးသော ဦးအေးမြင့်(လမ်းပြကြယ်)အားလည်း ကျွန်တော်မှ ပြန်လည် မေးခွန်းများ မေးချင်ပါသည်။
1) ဦးအေးမြင့်မှလည်း မြန်မာနိုင်ငံအား တရားဥပဒေစိုးမိုးမှုမရှိဘဲ အုပ်ချုပ်နေသည့် နိုင်ငံတော် အစိုးရအား တရားဥပဒေ စိုးမိုးရေးအတွက် ဘာများ ဆောင်ရွက်ခဲ့ဘူးပါသလဲ။
Post a Comment