စစ်ကိုင်းတိုင်း ချောင်းဦးမြို့ ရွှေတောင်ကွက်သစ်ရပ်နေ ဦးနိုင်ဝင်း ဒေါ်အေးမြင့်သန်းတို့ကနေ မေလ၆ရက်နေ့ သောကြာည ၁၀ နာရီ ၈မိနစ်က ရင်းချင်းဆက်အမွှာ သမီးလေး ၂ဦးကို ချောင်းဦးပြည်သူ့ဆေးရုံကြီးမှာ ဗိုက်ခွဲမွေးဖွားခဲ့ပါတယ်။ ကိုယ်အလေးချိန်က နှစ်ဦးပေါင်းကို ၄ ကီလိုဂရမ်ခွဲနီးပါး (၁၀ပေါင်) ရှိတယ်လို့သိရပါတယ်။ မေလ ၉ ရက်နေ့မှာတော့ မန္တလေး ကလေးဆေးရုံကြီးကို ပို့လိုက်ပြီးတော့ အထူးကုဆရာဝန်ကြီးတွေနဲ့ ၂၄ နာရီ စောင့်ရှောက်မှုတွေ ပေးထားတယ်လို့ သိရပါတယ်။ ကလေးလေးတွေဟာ ရင်ချင်းဆက်ရာမှာ အသည်းချင်းပါ ဆက်နေတဲ့အတွက် ကလေးတွေ ခွဲစိပ်မှုခံနိုင်တဲ့အချိန်ကြမှ ခွဲစိတ်မယ်လို့ သိရပါတယ်။ သတင်းသွားယူတဲ့ သတင်းထောက်တွေကိုတော့ ကြည့်ခွင့်မပေးသေးပါဘူး
ယခင် ခွဲစိတ်အောင်မြင်ခဲ့သော ရင်ချင်းဆက် အမြွာများမှာ မနန်းစိုး+ မနန်းစံ ၊ အေးအေးငြိမ်း +အိအိငြိမ်း ၊မျိုးပပ+မျိုးမမနှင့် စိုပြေလင်း+စိုပြေ၀င်း တို့ဖြစ်ပြီး ခွဲစိတ်ကုသ အောင်မြင်ခဲ့သော ရင်ချင်းဆက် အမြွာများ ဖြစ်ကြသည်။ ၂၀၀၉ ဇန်န၀ါရီလကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ကျေးရွာမှ မဘောက်မိုင်က ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦးကို ယခုလ ၁၉ ရက်နေ့က မွေးဖွားခဲ့တယ်။ သူတို့သတင်းနောက်ဆက်တွဲကိုတော့ အညာနွေမှ မသိရှိရပါ။

No comments:
Post a Comment