-->

Wednesday, June 1, 2011

အမေ့အိမ် အင်္ဂလိပ်စာသင်ကျောင်း ဖိအားပေး ပြောင်းခိုင်းနေ



ရန်ကုန် မြောက်ဥက္ကလာ၂ရပ်ကွက် သုမာလာလမ်းမှာ အန်အယ်လ်ဒီလူမှုအထောက်အကူပြုအဖွဲ့က ဖွင့်လှစ်ထားတဲ့ အမေ့အိမ် အင်္ဂလိပ်စာသင်တန်းကို အာဏာပိုင်တွေက ဖိအားပေးလို့ဆိုပြီး အိမ်ရှင်က ချက်ချင်းဆင်းပေးခိုင်းနေလို့ အခက်ခဲဖြစ်နေတယ်လို့သိရပါတယ်။ အိမ်ရှင်အိမ်ငှား ကတိစာချုပ်အတိုင်း တလပြည့်တဲ့အထိနေမယ်ဆိုရင် ဒီသင်တန်းကို ပိတ်ပေးရမယ်လို့ အိမ်ရှင်ကပြောတဲ့အကြောင်း အင်္ဂလိပ်စာသင်တန်း တာဝန်ခံဖွင့်ပေးနေတဲ့ မသီတာက ပြောပါတယ်။



ဒီသင်တန်းမှာ ၁၀တန်းကစပြီး တက္ကသိုလ်တက်နေတဲ့ လူငယ်တွေကို အင်္ဂလိပ်စာ စကားပြောနဲ့ အရေးအဖတ်တွေကို သင်ပေးနေတာ ၅လရှိပြီလို့ဆိုပါတယ်။ အရင်က အန်အယ်လ်ဒီကဖွင့်ပေးထားတဲ့ မြောက်ဥက္ကလာက အမေ့အိမ်အခမဲ့ မူလတန်းကျောင်းကိုတော့ တားမြစ်တာမရှိဘူးလို့လည်းဆိုပါတယ်။ သူတို့အနေနဲ့ အန်အယ်လ်ဒီဗဟိုလူမှုအထောက်အကူပြုအဖွဲ့အကူအညီနဲ့ နောက်ထပ်နေရာသစ်တခုကိုရှာပြီး အင်္ဂလိပ်စာသင်တန်းကိုဆက်ဖွင့်သွားမယ်လို့ ပြောပါတယ်။

No comments: