-->

Saturday, June 11, 2011

တွံတေးအန်အယ်လ်ဒီရဲ့ ပညာဒါန



လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာကျနောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တွံတေးမြို့နယ်အန်အယ်လ်ဒီအဖွဲ့ချုပ် လူငယ်တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်နဲ့အတူ လူငယ်အဖွဲ့ဝင်တွေက တွံတေးမြို့နယ်မှာရှိတဲ့ ကျောင်း (၂) ကျောင်းမှာ ပညာသင်ကြားနေကြတဲ့ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားကျောင်းသူတွေကို ငွေကြေး ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ဒီအကြောင်းကို တွံတေးမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်က

“ကျနော်ဦးစီးပြီး လူငယ်အဖွဲ့ဝင်တွေက လာမဲ့ ၁၉ ရက်၊ ၆ လ၊ ၂၀၁၁ ခုနှစ်မှာ ကျရောက်မဲ့ အမေစုရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်ပေါ့… ဆဌမတန်းကျောင်းသား ၉ ဦး၊ ကျောင်းသူ ၅ ဦး၊ အဌမတန်း ကျောင်းသား ကျောင်းသူ ၁၂ ဦး၊ နဝမတန်း၊ ဒဿမတန်း စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၄ ဦးကို ကျနော်တို့က ငွေကြေး ၂ သိန်း ၆ သောင်း ထောက်ပံ့ကူညီပေးနိုင်ခဲ့တယ်ပေါ့…” လို့ ပြောပြသွားခဲ့ပါတယ်။

အခုလို ငွေကြေးထောက်ပံ့ကူညီခဲ့တာဟာ ငွေကြေးချို့တည့်တဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ထောက်ပံ့ကူညီတာဖြစ်တယ်လို့လဲ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်ဟာ ရှေ့ဆက်ပြီးတော့လဲ ကိုဇေယျာသော်အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအရပ်ရပ် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထံသို့လည်း ဖတ်စရာစာအုပ်တွေ ပေးသွင်းသွားမယ်လို့လဲ သိရပါတယ်။

No comments: