-->

Tuesday, June 28, 2011

မန်းကျောက်ဝိုင်းက တရုတ်ဗမာရိုက်ပွဲ နောက်ဆုံးအခြေအနေ

မနေ့က မန္တလေးကျောင်းဝိုင်းမှာ ရဲ ၁၀၀ ၀န်းရံခေါ်ဆောင်သွားတဲ့ တရုတ် ၆ယောက်ကို တရုတ်ကောင်စစ်ဝန်ရုံးက လာရောက်ခေါ်ယူတဲ့အတွက် အမှတ် ၇ ရဲစခန်းမှာဖမ်းထားရာကနေ တိုင်းရဲတပ်ဖွဲ့မှူးအကူညီနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ပြောပါတယ်။ ၃ ရက်ပိတ်မယ်ပြောထားတဲ့ ကျောက်ဝိုင်းကို ဒီနေ့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။ တရုတ်တွေကတော့ သိပ်မလာတော့ဘူးလို့သိရပါတယ်။ မနှစ်က တရုတ်ကုန်သည်ကို ဗမာပွဲစားက လက်သီးနဲ့ထိုးတုန်းက ထောင် ၆လ ချမှတ်ခဲ့တာကြောင့် ခုကိစ္စမှာ ၀ိုင်းထိုးတဲ့ တယောက် ၅ယောက်ကို အရေးယူပေးစေချင်နေပါတယ်။ မန္တလေးမှာနေတဲ့တရုတ်တွေ ခဏတော့ ငြိမ်နေသလိုထင်ရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

နောက်ဆုံးအခြေအနေကတော့ နယ်စပ်ကျောက်ဈေးကွက်လည်း အေးစက်နေတယ်လို့ သိရပါတယ်။

1 comment:

latt said...

တော်တော်လဲတရားကြဖို့ ကောင်းတဲ့ အစိုးရပါလား
၁၉၉၀ ရလဒ်က ဘယ်ရောက်သွားပြီလဲ