-->

Sunday, July 17, 2011

အာဇာနည်နေ့ အကြို အမေ့အိမ်(လှိုင်သာယာ)

ဒီနေ့ (17th July ) အမေ့အိမ်(လှိုင်သာယာ) ပညာဒါနကျောင်းလေးမှာ( ၆၄)နှစ်မြောက်အာဇာနည်နေ့အကြို
အခမ်းအနားတစ်ခုကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြပါတယ်။



မနက်(၁၀း၀၀)နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်( ၅ )ပါးကို ၀ါဆိုသင်္ကန်း( ၇)စုံနှင့်တကွ ဆွမ်းဆက်ကပ်လှူဒါန်းပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြပါတယ်။



မနက်(၁၁း၃၀)မှာ အဖွဲ့ ချုပ်မှ လူကြီးများဖြစ်ကြသော ကဗျာဆရာ/ စာရေးဆရာ
ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်တို့ က အာဇာနည်နေ ရဲ့ အဓိပ္ပါယ်ကိုကလေးများကိုဟောပြောရှင်းပြပြီး ဆရာဦးအေးဘို နှင့်ဆရာမင်းမင်းတို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကလေးဘ၀မှစ၍ နိုင်ငံခေါင်းဆောင်ဖြစ်လာသည့်အချိန်ထိ လေးစားအတုယူသင့်သည့် ရိုးသားဖြောင့်မတ်မူ၊ ဂတိသစ္စာတည်ကြည်မူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမူ များကို ရှင်းလင်းဟောပြောခဲ့ကြပါတယ်။



ထိုနောက် ကလေးများရဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီများတစ်ဦးချင်းအထ္ထုပတ္တိဟောပြောခြင်း၊ ကလေးများရဲ့ အာဇာနည်နေ့ ကဗျာရွတ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအစီအစဉ်တို့ ဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့  အခန်းအနားတက်ရောက်လာကြသော ကလေးများအားလုံးကို အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဓါတ်ပုံ၊ဗလာစာအုပ်၊ခဲတန်နှင့် ကြာဆံကြော်တစ်ထုပ်စီကို လှူဒါန်းပေးအပ်ခဲ့ ကြပါတယ်။



အမေ့အိမ်ပညာဒါနကျောင်းလေးရဲ့ ပထမအကြိမ်အာဇာနည်နေ့ အခမ်းအနားသည် ကလေးများအတွက်လည်း
ပထမဆုံးဘ၀အတွေအကြုံအဖြစ် အမှတ်တရနဲ့ သူတို့ လေးတွေရဲ့ရင်ထဲကို အာဇာနည် စိတ်ဓါတ် မျိုးစေ့
ချပေးနိုင်ခဲ့လိမ်မည်ဟုယုံကြည်မိပါကြောင်း ။



လေးစားစွာဖြင့်
ကိုငယ်( ၀၉၅၁၆၂၀၆၀)

No comments: