-->

Sunday, July 24, 2011

မင်းဘူး နာရေးအသင်းက ကြံ့ဖွတ်အမတ် ငွေအလွဲသုံးစားမှု

မကွေးတိုင်း မင်းဘူးမြို့မှာရှိတဲ့ ဗြဟ္မာစိုရ်နာမှုကူညီရေးအသင်း ရံပုံငွေတွေကို အသင်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ မင်းဘူးခရိုင်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်က အသင်းဝင်တွေရဲ့ ဆန္ဒမပါဘဲ မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ အနီးကပ်အကြံပေးပုဂ္ဂိုလ် ဒုဥက္ကဌ လုပ်သူကို သိန်း ၅၀ချေးထားတာ တနှစ်ကျော်နေပေမယ့် အတိုး ၂လစာဘဲရခဲ့ပြီး ခုအတိုးရောအရင်းရောပါပြန်တောင်းတော့ ပြန်မဆပ်နိုင်ဘဲဖြစ်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၁ ရက်က ကတိပေးထားပြီး ခုထိပြန်မဆက်သေးတဲ့အကြောင်း ဗြဟ္မစိုရ်အသင်း ကော်မတီဝင်တဦးက ခုလိုပြောပြပါတယ်။

အသင်းဥက္ကဌဖြစ်တဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအေးသူဆိုတဲ့ ဥက္ကဌလုပ်တဲ့သူက ဒုဥက္ကဌလုပ်တဲ့ ကျော်ဝင်းမြင့်ရယ် ဦးဖုန်းမော်ရွှေရဲ့ စည်းရုံးဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်ကို ငွေကျပ် သိန်း၅၀ ကိုသူက ငါးဦးထောက်ခံမှုမရှိပဲနဲ့ တယောက်မှမပါပဲနဲ့ သူ့သဘောနဲ့သူက သိန်း၅၀ ထုတ်ပေးလိုက်တယ်။ ပထမက တလနှစ်လကို အတိုးပေးတယ်။ ဥက္ကဌကိုပဲပေးတယ် သူက။ ကျန်တဲ့သူကိုသူက မပြောတော့ဘူး။ နောက်ပိုင်းကျတော့ အတိုးလုံးဝ မပေးတော့ဘူး။ အတိုးလည်းမပေးဘူး။ အရင်းလည်း မဆပ်ဘူးဖြစ်နေတော့ အခုထက်ထိကို ပူညံပူညံဖြစ်ကြပြီး မကျေမနပ်ဖြစ်ကြပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ဘူးလို့ ဖြစ်ကြတဲ့အခါကျတော့ သူက ပြီးခဲ့တဲ့ ၂၁ရက် ၇ လ ၂၀၁၁ မှာ တခါ ပေးပါ့မယ်ဆိုပြီးထပ်ပြောပြီးတော့ အဲ့ဒီနေ့မှာလည်း မပေးဘူး။


ဗြဟ္မစိုရ်အသင်းကို ကော်မတီ ၂၇ ဦးနဲ့ ဖွဲ့ထားပြီး အသင်းရံပုံငွေတိုးပွားဖို့ ငွေချေးမယ်ဆိုရင် ကော်မတီဝင် ၅ ဦးခွင့်ပြုချက်နဲ့မှ ငွေထုတ်ပေးရမှာဖြစ်ပေမယ့် ခုကိစ္စမှာ ဥက္ကဌ တဦးတည်းခွင့်ပြုမိန့်နဲ့ချေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ငွေသိန်း ၅၀ ချေးယူထားတဲ့ ဒုဥက္ကဌ ဦးကျော်ဝင်းမြင့်ကို မေးကြည့်တဲ့အခါမှာတော့

သြော်ဒါ။ ကျနော် ဟိုဟာပြုမှာပါ။ မကြာခင်ကိုပြန်ပေးဖို့ ရှိပါတယ်။ ကျနော်လည်း အဲ့ဒီမှာ ဒုဥက္ကဌပါ။ ကျနော်လည်း အဲ့ဒီမှာ အသင်းအတွက် ရန်ပုံငွေတိုးအောင်လို့ ဆိုပြီးတော့လေ ၂ ကျပ်တိုးပေါ့နော်။ ကျနော် အခု တပတ်အတွင်းဆိုလို့ရှိရင် ပြန်ပေးမှာပါ။

မင်းဘူးက ဗြဟ္မစိုရ် နာရေးအသင်းဟာ ၂၀၀၂ ခုနှစ်ကစပြီး လူမှုရေး စိတ်ဝင်စားတဲ့ လူငယ်တွေ ရပ်မိရပ်ဖတွေက ဦးဆောင်တည်ထောင်ခဲ့ပေမယ့် အောင်မြင်လာတဲ့နောက်ပိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ၀င်ရောက်ထိမ်းချုပ်လိုက်တာကြောင့် အသင်းဝင်တွေနဲ့ မြို့ခံလူထုက မကျေမနပ်ဖြစ်နေတယ်လို့လည်း သိရပါတယ်ခင်များ

No comments: