-->

Saturday, August 20, 2011

သမတ အိမ်တော်က ဗိုလ်ချုပ်အောင်ဆန်း

DS_and_TS


တပ်မတော်ဖခင်ကြီးဓါတ်ပုံရှေ့မှာ တပ်မတော်ဖခင်ကြီးရဲ့သမီး နဲ့ သမ္မတကြီးတဖြစ်လဲ တပ်မတော်သား
၁၉ သြဂုတ် ၂၀၁၁ (မြန်မာ့အလင်းသတင်းစာ)

မတူကွဲပြားသည့်အမြင်များကိုဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင်း ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
(မြန်မာ့အလင်းသတင်းစာ ၂၀ သြဂုတ် ၂၀၁၁ စာမျက်နှာ ၉)

ဘေးဖယ်ထားရမည့် မတူကွဲပြားသည့်အမြင်များ
- ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အမြင်
- နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသား ဟု အသိအမှတ်မပြုသည့်အမြင်
- ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တစ်နည်းနည်းဖြင့်အသိအမှတ်ပြုရေးအမြင်
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး အမြင်
- တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့်စစ်မှန်သောပြည်ထောင်စုကြီးတည်ဆောက်ရေး အမြင်
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပယ်ဖျက်ခြင်းအား လက်မခံနိုင်သည့်အမြင်
- နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအမြင်

အထက်ပါ မတူကွဲပြားသည့်အမြင်များအား ဘေးဖယ်ထား (ဘယ်ကာလအထိဘေးဖယ်ထားရမည်မသိပါ/ အခြေခံဥပဒေ၂၀၀၈ အသက်ဝင် တည်ရှိ နေသရွေ့ဖြစ်လိမ့်မည်) ပြီး ပူပေါင်းဆောင်ရွက်နိုင်မည့်အလားအလားများအား ရင်းနှီးပွင့်လင်စွာဆွေးနွေးခဲ့ကြလေသလား။

ဘေးဖယ်ထားရမည့် မတူကွဲပြားသည့် အမြင်ဆိုတာဘာတွေလဲ

တူမောင်ညို
၂၀ သြဂုတ်

No comments: