-->

Tuesday, August 23, 2011

မြန်မာငွေစက္ကူမှ အလွဲများ



ကျနော်တို့ မြန်မာစာ မြန်မာစကားနဲ့ ပတ်သက်ပြီး သတိမမူမိတာလေးတွေကို ထောက်ပြချင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မှားတာတွေရှိခဲ့မှာပါ ဆရာကြီးလုပ်လိုလို့ ဒီပိုစ်ကို ရေးတာမဟုတ်ရပါဘူး ။ တလောက ဖေ့ဘုတ်မှာသူငယ်ချင်းတယောက်ရဲ့ ပထမတန်းသမီးလေ့း ထောက်ပြလို့ မြန်မာတနိုင်ငံလုံးသုံးနေတဲ့ နှစ်ရာတန် ငွေစက္ကူမှာ မှားနေတဲ့စကားလုံးတွေဂဏန်းတွေကို သတိထားမိပါတယ်။ အောက်ပုံကိုကြည့်ကြည့်လိုက်ပါမိတ်ဆွေ



သေချာကြည့်မှ အမှားကိုမြင်ရမှာပါ။ နိုင်ငံကို မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းက နငယ်အတိုနဲ့လုံးကြီးတင်တချောင်းငင် ငသတ် (နိုင်)ပါတယ်။ ဗဟိုဘဏ်က ထုတ်တာမှာတော့ နငယ်အရှည်ကို လုံးကြီးတင် တချောင်ငင် ငသတ်နဲ့ (နိုင်) လို့ ရေးထားတာကိုမြင်ရမှာပါ။ နောက် ၂၀၀ ဆိုတဲ့ ဂဏန်းမှာ သုညတွေနဲ့ နှစ်ကို တတန်းတည်းရေးထားပါတယ်။ အမှန်က ၂က အောက်ကိုချရေးမှမှန်ပါမယ်။ အောက်က ၂၀ တန်မှာ ရေးထားတာကို ကြည့်လိုက်ပါ။



ဒီလိုအလားတူပဲ နိုင်ငံစကားလုံးမှာ (နိုင်ငံ)လို့ရေးထားတဲ့ အမှားတွေ ကျန်တဲ့ ငွေစက္ကူတွေမှာ မှားနေတာကြည့်လိုက်ကြပါဦး။


နိုင်ငံတော်အဆင့်နဲ့ မှားနေတာတွေက ရှက်စရာဖြစ်နေပါတယ်။ ကျနော်တို့ မြန်မာတွေ မြန်မာစာ မြန်မာစကားကို မှန်အောင်ရေးနိုင် ပြောနိုင်ကြပါစေ။

1 comment:

pannavamsa said...

နိုင်ဆိုတာမှန်တယ်လေဗျာ နိုင် လို့မရေးချင်ရင်နိုင်လို့ရေးလို့ရတယ် ဒါပေမဲ့ န နဲု့ က ဆက်ဆွဲလို့မရဘူး ဆက်ရေးရင်မှားတယ်