-->

Tuesday, September 20, 2011

ရန်ကုန် တရုတ်ပြန်ကြားရေးရုံးရှေ့ ဆန္ဒပြသူ အဖမ်းခံရ


ဒီနေ့ နေ့လည် ၁၂ နာရီကျော်ကျော်က ရန်ကုန်တိုင်း ဒဂုံမြို့နယ် အမှတ် ၄၇ ခရေပင်လမ်းမှာရှိတဲ့ တရုတ်ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနရှေ့မှာ အသက် ၄၅နှစ်အရွယ် အမျိုးသားတဦးက ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ချက်ချင်းရပ်ဆိုတဲ့ အင်္ဂလိပ်လိုစာသားပါ ပိုစတာကိုကိုင်ပြီး ဆန္ဒပြခဲ့လို့ လုံခြုံရေးရဲတွေက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဆန္ဒပြမှုဖြစ်ချိန် အဲဒီအနီးနားမှာရောက်နေသူတဦးက  
  • သူက stop Irrawaddy dam ဆိုတဲ့စားသားပါ ပိုစတာကိုကိုင်ထားတယ် ခဏနေတော့ ရဲတွေကခေါ်ပြီး သူ့ကိုဓါတ်ပုံရိုက်တယ် မေးမြန်းစစ်ဆေးပြီး ဒဂုံရဲစခန်းကိုခေါ်သွားတယ်။ နာမည်က ကိုအောင်သိန်းလို့ ကြားလိုက်တယ်  
  • ဒဂုံရဲစခန်းကိုမေးကြည့်တော့ တာဝန်ကျအရာရှိက သူတို့ဆီမှာ ဒီကိစ္စနဲ့ဖမ်းထားတာ မရှိဘူးလို့ဖြေကြားခဲ့ပါတယ်။ နောက်ထပ်မျက်မြင်တယောက် အပြောအရ  
  • တရုတ်ပြန်ကြားရေးရုံးရှေ့မှာ ဖမ်းခံရသူဟာ ကိုအောင်သိန်းလှခေါ် ကျော်ဝင်း တောင်ဥက္ကလာ ၇ ရပ်ကွက် ရွှေသိဒ္ဓီ ၁၁လမ်းမှာနေသူဖြစ်ပြီး မလေးရှားကနေ အမေရိကန်နိုင်ငံကို ရစတမန့်နဲ့သွားပြီး အမေရိကန်နိုင်ငံသား ခံထားသူဖြစ်တယ် လို့ပြောပါတယ်။  
  • သူဟာဒီလထဲမှာမှ ပြည်တော်ပြန်လာသူဖြစ်တယ်လို့ပြောပါတယ်။ မနေ့က စက်တင်ဘာ ၁၉ ရက် တုန်းကလည်း တရုတ်သံရုံးရှေ့မှာ လူအုပ်နဲ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာလို့ သတင်းထောက်တွေနဲ့ လုံခြုံရေးအမြောက်အများ တရုတ်သံရုံးရှေ့မှာ စောင့်ဆိုင်းခဲ့ကြပေမယ့် ဆန္ဒပြမှုမဖြစ်ခဲ့ပါဘူး။ ဒီနေ့ တရုတ်သံရုံး ၀န်းကျင်မှာ လုံခြုံရေးတွေ အရပ်ဝတ်နဲ့ တမျိုး ယူနီဖေါင်းနဲ့တဖုံ စောင့်ဆိုင်းနေကြတယ်လို့ မျက်မြင်တွေအပြောအရ သိရပါတယ်။

No comments: