-->

Thursday, October 6, 2011

စွမ်းအင်ဝန်ထမ်းများကို အရေးယူပေးပါ

သို့

ပြည်ထောင်စုဝန်ကြီး စွမ်းအင်ဝန်ကြီးဌာန
နေပြည်တော်
နေ့ရက် ။ ။ ၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ ( ၅ ) ရက် ။

အကြောင်းအရာ။ ။ စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပေးသောဓါတ်ဆီများအားပြည်သူလူထုသို့ ရောင်းချမပေးပဲ မိမိအကျိုးစီပွါးအတွက် ဆောင်ရွက်နေသော MOON COMPANY (F/S 0226 )၊ ကြည့်မြင်တိုင်ဆီဆိုင်အား အရေးယူပေးပါရန် တင်ပြခြင်း။

၁။ ရန်ကုန်တိုင်းဒေသကြီး ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ MOON COMPANY မှတာဝန်ယူဆောင်ရွက်လျှက်ရှိသော ဓါတ်ဆီဆိုင်ရှိ ၀န်ထမ်းများသည် အများပြည်သူအားရောင်းချပေးရမည့် ဓါတ်ဆီများကို မသမာသော နည်းလမ်းဖြင့် အပြင်သို့ ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရပါသည်။

၂။ ဆောင်ရွက်နေပုံမှာ နေ့လည် (၁၂) နာရီကျော်သွားပါက ဆီထည့်ရန်လာသော မော်တော်ယာဉ်များကို ဆီကုန် နေပါသဖြင့် (၁)ရက်စာ အတွက် ဓါတ်ဆီ ( ၂ )ဂါလံသာ ရရှိနိုင်မည်ဟု ပြောဆို ရောင်းချသော်လည်း ၊ ထိုဆီဆိုင်မှ ငှားရမ်းထားသော လေးဘီးမော်တော်ယာဉ်အမှတ် ( ဒ/၄၈၅၉ ) ကိုမူ ဓါတ်ဆီ(၁၀) ဂါလံအထိရောင်းချပေးနေသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါသည်။

၃။ အဘယ်ကြောင့် ထိုကဲ့သို့ လေးဘီးမော်တော်ယာဉ်ကို ဓါတ်ဆီ (၁၀)ဂါလံအထိ ရောင်းချပေးရကြောင်းအား ဆိုင်မှ တာဝန်ရှိ ၀န်ထမ်းများထံ မေးမြန်းရာတွင် ရန်ပြုမည်ကဲ့သို့ပင် ဆက်ဆံလာခဲ့ပါသည်။

၎။ ယခုအချိန်အခါသည် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသော ကာလဖြစ်သည့် အပြင် နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်မှာလည်း ပြည်သူလူထု၏ အကျိုးစီးပွါးကို ရှေ့ရှုဆောင်ရွက်နေချိန်ဖြစ်ပါသည်။

သို့ဖြစ်ပါသဖြင့် ပြည်သူလူထုအပေါ်မတရားသောနည်းလမ်းဖြင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေသာ MOON COMPANY ၊ ကြည့်မြင်တိုင်ဆီဆိုင်အား စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ကိုယ်တိုင်ခံစားရသော မော်တော်ယာဉ်ပိုင်ရှင်တစ်ဦး
ကြည့်မြင်တိုင်မြို့နယ်

No comments: