-->

Tuesday, October 11, 2011

ကော့သောင်းက ဆရာမများရဲ့ သြချလောက်တဲ့ လောဘ

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အ.ထ.ကမှ ဆရာ.ဆရာမများသည် ကျောင်းသူကျောင်းသားများကို ကျူရှင်မယူမနေရ အတင်းအဓမ္မသင်ကြားလျှက်ရှိပါသည်။ စာသင်ချိန်တွင် စာမသင်ဘဲ ကလေးက စားကွင်းသဖွယ် လွှတ်ပေးထားသဖြင့် ကလေးချင်းရန်ဖြစ်ကြ တွန်းထိုးကြနှင့် အမြဲအနာတရဖြစ်ကြပါသည်။ စာသင်ချိန်တွင် စာမသင်ဘဲ ကျူရှင်မှာသာသင်ပါသည် ၎င်းပြင် စာသင်ချိန်တွင်လည်း ဆရာမများက ဝိသမလောဘဖြင့် မဝယ်မနေရဈေးရောင်းသလို စားစရာ မုန့်မျိုးစုံနှင့် စာရေးကိရိယာများကို အတင်းအဓမ္မရောင်းချကြပြန်ပါသည်။
မူလတန်းကလေးများကို သူငယ်တန်း-၃၀၀၀ကျပ် ပထမတန်း-၅၀၀၀ကျပ် ဒုတိယတန်း.တတိယတန်း-၆၀၀၀ကျပ် စတုတ္ထတန်းမှ၇တန်းထိ-၇၀၀၀ကျပ် လကုန်လျှင်ကျူရှင်လခကိုအကြွေးတောင်းသလို တောင်းသဖြင့် မပြေလည်သောကျောင်းသား ကျောင်းသူလေးများမှာ ရှက်သဖြင့်၎င်း စိတ်ညစ်၍ ကျောင်းပြေးကြရပါသည် ကျူရှင်မယူသောကလေးများကို မတူသလို မတန်သလိုဆက်ဆံခြင်း၊ ရန်သူသဖွယ်ဆက်ဆံခြင်း မဖြေနိုင်သောမေးခွန်းများကိုမေး၍ ရိုက်နှက်ခြင်း ထိုင်ထလုပ်ခိုင်းခြင်းများကို လူမဆန်စွာ နှိပ်စက်၍ ကျူရှင်လခများကိုဓားပြတိုက်သကဲ့သို့ ယူပါသည် ကျူရှင်မယူသောကလေး တနည်းအားဖြင့် ထိုင်ခုံနေရာမရခြင်း မျက်စိကိုတိုက်ရိုက်နေရောင်ခြည်ထိုးသော ပြူတင်းပေါက်အနီး မိုးပက်သောနေရာများ သင်ပုန်းတွင်ရေးထားသောစာများ ကောင်းစွာမမြင်နိုင်အောင်ဝေးကွာသော နောက်ဆုံးတန်း မှောင်ပြီးချောင်ကျသော နေရာများကို ရွေးချယ်၍နေရာချပေးလေ့ရှိပါသည်။ ကျူရှင်ယူသောကလေးများကိုလဲ စာတတ်အောင်မသင်ဘဲ စာမေးပွဲနီးလျှင် မေးခွန်းများကို ကွန်ပျူတာစာစီ၍မသင်ဘဲ စာမေးပွဲနီးလျှင်မေးခွန်းများကို ကွန်ပျူတာစာစီ၍ဖြန့်ဝေပေးပြီး အလွတ်ကျက်မှတ်စေပါသည်။

ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်ကိုယ်တိုင် ဆရာဆရာမများကို စာသင်ခန်းငှားပြီး အခန်းငှားခ တစ်လတစ်သောင်းနှုံး သီးသန့်ဆရာ ဆရာမများက တစ်သောင်းစီကန်တော့ကြရပါသည်။ စာသင်ခုံမလုံလောက်သဖြင့် အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးရုံးဦးသန်းဝင်းမှ စာသင်စာရေးခုံ ထိုင်ခုံတန်းရှည်များပြုလုပ်ရန် လှူဒါန်းထားသော သစ်ခွဲသားများကို ပျောက်ဆုံးသည်ဟုဆိုကာ ရောင်းစားခဲ့ပါသည်။
အဆိုးဆုံးဖြစ်ရပ်မှာ မည်သည့်ဘွဲမှမရသော အတန်းပညာမယ်မယ်ရရမတတ်သော ကာယသင် တန်းဆရာမဒေါ်ချိုကို နဝမတန်း-ဒီ တွင်သင်ကြားရန် တာဝန်ပေးထားခြင်းဖြစ်ပါသည်. နဝမတန်းမှာ ကျောင်းစစ်ဖြစ်၍ ဒေါ်ချိုမှာ အကွက်ဝင်သွားပြီးကျူရှင်ကိုပါ အတင်းလု၍သင်ပါသည်။ ကလေးများကိုအောင်ရမယ် မအောင်လျှင် ငွေ(၂)ဆပြန်အမ်းမယ် စာချုပ်နှင့်လက်မှတ်ထိုးကာ အာမခံဖြင့် သင်ပေးမည်ဟု ကြွေးကြော်လျှက် မိမိအတန်းတွင်သာမကဘဲ အခြားအတန်းခွဲများ နှင့်အပြင် စာသင် ဝိုင်းဘော်ဒါဆောင်များရှိကလေးများကိုပါ စည်းရုံးခြိမ်းခြောက်၍ လုသင်ပါသည် အခြားစာသင်ဝိုင်း မှကလေး များသူမထံကျူရှင်မယူလျှင် စာမေးပွဲချမယ်ဟု၎င်း အပြစ်ရှာ၍ရိုက်နှက်ခြင်းဖြင့်၎င်း စိတ်အနှောင့်အယှက် ပေးပါသည်။

စာမေးပွဲနီးလျှင် စာမသင်ဘဲ သူများထုတ်ထားသောအထူးထုတ်များကို မိတ္တူကူး၍ ASSIGMENT တစ်စုံလျှင် ၄၀၀.၆၀၀.၁၀၀၀ စသည်ဖြင့် ရောင်းချပါသည် အလွတ်ကျက်မှတ်စေပါသည် နဝမတန်းကျောင်းသားများသည် စာသင်ချိန်တွင် စာသင်ခန်းတွင်မရှိဘဲ ဆရာမဒေါ်ချိုမှာ မုန့်ဈေးတန်းတွင်၎င်း ရပ်ကွက်ထဲရှိ ဘိလိယက်ခုံများတွင်၎င်း တွေ့မြင်နိုင်ပါသည်။

အေးရိပ်ငြိမ် အ.ထ.ကကျောင်းသည် အခြေခံမကောင်းသော အရည်အသွေးမမှီသော သင်ကြားမှုကြောင့် ယနေ့ လူငယ်နောင်ဝယ်လူုကြီးဖြစ်မည့် အနာဂတ်၏ ကြယ်ပွင့်ကလေးများ၏ရှေ့ရေးရင်လေးစရာဖြစ်တာမို့ တင်ပြလိုက်ရပါသည်။

ကျောင်းသားမိဘတစ်ဦး

No comments: