-->

Friday, October 14, 2011

တိုင်းပြည်အတွက် အရေးကြီးပါတယ်။

RFA က မနေ့ညက လွှင့်သွားတဲ့ ကိုမင်းကိုနိုင်နဲ့ ကျိုင်းတုံထောင်ထဲမှာအတူနေခဲ့သူဟုဆိုသောမြန်မာနေးရှင်းဂျာနယ်က ဦးစိန်ဝင်းမောင်က ကိုမင်းကိုနိုင်ဟာ NLD ပါတီ မှတ်ပုံတင်မှာနဲ့ ရွေးကောက်ပွဲဝင်မှာကို သဘောတူထောက်ခံကြောင်း ပြောတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ယနေ့(၁၄-၁၀-၂၀၁၁) နေ့လည် ၁ နာရီမှာ ကိုမင်းကိုနိုင်အမကြီး ထောင်ဝင်စာတွေ့ပြီး ပြောပြတဲ့အခါမှာ ကိုမင်းကိုနိုင်ဟာ အလွန် စိတ်ဆိုးဒေါသထွက်ပြီး သွေးတိုးသွားကြောင်း သိရပါတယ်။ ဦးစိန်ဝင်းမောင် ပြောကြားချက်နဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်သဘောထား အစစ်အမှန်မဟုတ်ကြောင်း၊ ကိုမင်းကိုနိုင် အမကြီးက မီဒီယာများသို့မကြာခင်မှာ အင်တာဗျူး ပေးပြီး ပြန်လည် ဖြေရှင်းမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ကိုမင်းကိုနိုင်ရဲ့အမ ဖုန်းနံပါတ်က ၀၉ ၈၆၄၀ ၄၈၅ ဖြစ်ပါတယ် သတင်းမေးလိုသူများအတွက်ဖြစ်ပါတယ်

No comments: