-->

Saturday, October 29, 2011

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ တိုက်ဟောင်းပြိုလို့ လူ ၂ဦး ပြင်ထန်စွာ ဒဏ်ရာရရှိ

အောက်တိုဘာ ၂၉ ရက်ည ၉နာရီခွဲခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက် ၃၆လမ်း တိုက်အမှတ် ၂၆ က နှစ်ပေါင်း ၆၀လောက်ရှိတဲ့ တိုက်ဟောင်းတလုံးပြိုကျခဲ့လို့ အန္ဒိယလူမျိုး အသက်၃၀ အရွယ် ပရဝေးခေါ် သောင်းငွေ နဲ့ အသက် ၃၉နှစ်ရွယ် မရိုဂျန်းရီတိုက်ပိခဲ့ပါတယ်။ မရိုဂျန်းရီကိုတော့ အချိန်မှီကယ်ထုတ်နိုင်ပြီး ဆေးရုံကြီးကိုတင်ပို့ထားပါတယ်။ ကိုသောင်ငွေကိုတော့ မြန်မာစံတော်ချိန် ၁၁နာရီ ၃၀ အထိ ဖေါ်လို့မရသေးပါဘူး သက်ဆိုင်ရာမီးသတ်နဲ့ တာဝန်ရှိသူတွေရောက်နေပေမယ့် အချိန် ၂နာရီကျော်ကြာနေတဲ့အတွက် သေနိုင်ဖွယ်ရှိတယ်လို့ မျက်မြင်တွေကပြောပါတယ်။

No comments: