-->

Wednesday, December 14, 2011

ရွှေည၀ါဆရာတော်ရဲ့သဘောထား

ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော် အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့် ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင်ကျင်းပသည့် ညီသံဃာ့နာယက ၄၇ ပါးစုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန် ဆိုသည့်အချက်သုံးချက်ကို ဖေါ်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေည၀ါကျောင်းတိုက်ဆရာတော်အား ပြည်တွင်းပြည်ပ မီဒီယာများမှ ဆက်သွယ်မေးမြန်းလာကြ သည်ဖြစ်၍ ဆရာတော်အနေဖြင့် အဆိုပါစာကို ဆရာတော်လက်ခံရရှိထားတာမှန်ကန်တာကလွဲ၍ မည်သို့မျှ တုန့်ပြန်ပြောဆိုလိုခြင်းမရှိသေးကြောင်း၊ အချိန်စောလွန်းသေးကြောင်း နက်ဖြန်လောက်မှသာ အတည်ပြုပြောဆိုလိုကြောင်း ဆရာတော်မှ မိန့်ကြားသွားသည်။

No comments: