-->

Monday, December 12, 2011

ဒီလို လှေနံနှစ်ဘက်နင်းသူတွေနဲ့ ဘယ်လိုခရီးသွားမလဲ

အောက်ကပုံတွေကိုကြည့်ခြင်းအားဖြင့် ခန့်စည်သူဘယ်လိုလူလဲဆိုတာ သိသာမှာပါ။ ကျနော့်ခေါင်းစဉ်က ဒါရိုက်တာမောင်မျိုးမင်းကိုမရည်ရွယ်ပါဘူးနော်၊ အာရုံဦးမှာ မူးသည့်မသာလို့ပြောပြော အာရုံဦးမှာ ကြိုးသည့်ဖာလို့ဆိုဆို ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ခဲ့တဲ့ ခန့်စည်သူဟာ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လာရောက်ပူးပေါင်းခဲ့ပါတယ်။ ခုအောက်ကပုံမှာလည်း အရေးကြုံရင်ကြေးမုံရှိတယ်ဆိုတဲ့ နိုင်ငံတော်အကျိုးပြု ဇတ်လမ်းမှာ သရုပ်ဆောင်ခဲ့လို့ ဦးကျော်ဆန်းက ဂုဏ်ပြုနေလေရဲ့။ အနုပညာသမားဘဲ ဘယ်လိုအခန်းက သရုပ်ဆောင်ရဆောင်ရ ရှောင်လို့မှမရတာလို့ ဆင်ခြေတက်ချင်တက်နိုင်ပါတယ်။နိုင်ငံတော်ကိစ္စဆိုတော့ ရှောင်လွှဲလို့မရဘူးလို့ ပြောချင်ပြောပေါ့၊ ရှောင်ချင်ရင်တော့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အာဏာပိုင်နဲ့ မပတ်သက်ဘဲနာမည်ကြီးတဲ့ သရုပ်ဆောင်တွေလည်း အများကြီးရှိပါတယ်။ အဓိကတော့ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲဖြစ်နေလို့ဘဲ ဆိုလိုက်ချင်ပါတယ်။ ဒီလိုလူတွေပါရင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ခရီးဖင့်နိုင်ပါကြောင်း

1 comment:

Anonymous said...

It is his rights whether he wants to join and see the lady or not. If you like democracy,you do not need to criticize him or other same persons like this.