-->

Tuesday, December 6, 2011

ဆန္ဒပြ စုဝေးခွင့် လျှောက်ထားခြင်း အနုနည်းနဲ့ ပယ်ချခံရ

ဒလမြို့နယ် တသီးပုဂ္ဂလအမတ် ဦးဝင်းချို၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ဘောက်ဂျာ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝေဠု၊ ဦးမင်းအောင်နဲ့ ဦးစိုကြည်တို့က လွတ်လပ်စွာ ဆန္ဒပြခွင့်အတွက် ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားတာကို သက်ဆိုင်ရာက ဒီကနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒဂုံမြို့နယ်မှုး အကြောင်းပြန်လာတဲ့ စာကို အောက်မှာဆက်လက်ဖတ်ရှုပါ။

သို့ 
ဦးဝင်းချို 
ဒဂုံမြို့နယ် 

အကြောင်းအရာ။ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကိစ္စ

ရည်ညွှန်းချက် ။ ။ ၅.၁၂.၂၀၁ ရက်စွဲပါ ဦးဝင်းချိုပါ ၆ ဦး၏ တောင်းခံစာ ၁ ။ ဦးဝင်းချို၏ ရည်ညွှန်းစာပါ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတောင်းခံခြင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက်ထားတောင်းခံခြင်းဖြစ်သော်လည်း အဆိုပါ ဥပဒေပုဒ်မ ၂၄ ၌ ပြဌာန်းထားသည့်အတိုင်း ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းဥပဒေ စည်းမျည်း(သို့)စည်းကမ်းများ လိုအပ်သော အမိန့်ကြေညာစာ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ပေးရဦးမည် ဖြစ်ပါသည်။

၂ ။ ဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ရရှိပြီးမှသာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားမှုများအပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

၃ ။ သို့ဖြစ်ပါ၍ ရည်ညွှန်းစာပါ ဦးဝင်းချိုပါ ၆ ဦး၏ လျှောက်ထားတောင်းခံမှုကို ပုဒ်မ ၂၄ အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန်ပြီးမှသာ ပြန်လည်လျှောက်ထားရန် အကြောင်းကြားပါသည်။

2 comments:

May Hnin Lae Mon said...

Daw Suu said, it’s like the first blossom opening up. Please understand and wait for that.

A MAN FROM GOLDEN LAND said...

yes it's correct,wait and see,what will be happening later.