-->

Monday, January 2, 2012

လွတ်ငြိမ်းသက်သာလာပြန်ပြီ

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မတဦးသိန်းစိန်၏ အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂

လွတ်ငြိမ်းချမ်းသာခွင့်အရ  သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် တစ်ကျွန်း (နှစ်အကန့်အသက်မရှိ) သို့လည်းကောင်း ၊ ထောင်ဒဏ် နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းများဖြစ်သော MRTV ၊ MRTV- 4 တို့တွင်ယနေ့ ညနေ ၄နာရီ ၂၀မိနစ်က  ထုတ်လွှင့် ကြေငြာသွားသည် ။

ဆဲဗင်းဒေး နယူးစ်မှ ကူးယူပါသည်။

ကိုမင်းကိုနိုင်တို့က နောက် အနှစ် ၃၀ နေရပါဦးမယ်။ သေဒဏ်ဆိုသူများက မသေတော့ဘဲ အကန့်အသတ်မရှိ နေရဦးမယ်။ နှစ် ၂၀ ချထားသူက ၁၅နှစ် နေရဦးမယ် ဒီလောက် ဘာလို့ ရက်ရောရတာလဲ ဦးသိန်းစိန်။ ဒီကြေငြာချက်ထုတ်သူကိုဘဲ သေဒဏ်ပေးလိုက်ချင်တော့တယ်။

No comments: