ကုန်ဈေးနှုန်းကျဆင်းရေးခေါင်းဆောင် (ကိုထင်ကျော်) မှ ဦးဆောင်၍ ၅၀၀၀ (ငါးထောင်တန်)ဖုန်းရရှိရေးအတွက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာ မြို့နယ်တွေမှာ စာရွှက်ဖြန့်ဝေတာ စတစ်ကာတွေကပ်ပြီး ဟောပြောတဲ့လှုပ်ရှားမှုတခုကိုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ကြောင့် တောင်ဒဂုံမြို့နယ်မှာ လှုပ်ရှားသူ ၁၁ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူစစ်ဆေးနေပါတယ်။ စစ်ဆေးခံနေရသူတွေကတော့
၁။ဒေါ်ခင်အေး
၂။ကိုတင်မောင်ကြည်
၃။ဒေါ်ချို
၎။ခိုင်ဇာသင်း
၅။ကိုလှကြည်
၆။ကိုစိုးမိုး
၇။ကျော်ဇင်လတ်
၈။ကိုသန်းဝင်း(ခ)မှတ်ကြီး
၉။ကိုအေးဝင်း
၁၀။တရုပ်ကြီး
၁၁။ကိုစိုးမြင့်ဦး တို့ဖြစ်ပါတယ်။
သူတို့ဆီကို လှုပ်ရှားမှုဦးဆောင်သူ ကိုထင်ကျော်တို့အဖွဲ့ လိုက်လံသွားကြောင်းသိရပါတယ်။ သူတို့လှုပ်ရှားမှု နောက်ဆုံးအခြေအနေတွေကို ဆက်လက်တင်ပြပေးပါ့မယ်။
No comments:
Post a Comment