-->

Thursday, March 29, 2012

စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ဝိုင်းတော်သာများရဲ့ မေတ္တာခံယူနိုင်ကြပါစေ

အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများရဲ့ (၁၄) ကြိမ်မြောက် စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ တိုက်ပွဲခေါ် သံချပ်ခွေကို ကျောက်မဲကျော်ကြီးစီစဉ်ပြီး တေးရေး အောင်ဟိန်း(မုံရွာ)၊ ဇာနည်(ပခုက္ကူ)၊ မုတ်သုန်(ယောရပ်ရွာ)၊ ထွန်းတောက်နေ၊ ဆလိုင်း၊ ဒေါက်တာနိုင်သူထွန်းနဲ့ ကလောင်ရှင် ဆုရသည် တို့ဖြစ်ပါတယ်။ မူလရေးထားတဲ့ ဖိုင်တွေကတော့ ဒီထက်ကြမ်းပြီး ဒီထက်ပိုထိပါတယ်။ သို့သော်လည်း ပြင်ပမှ စာပေကင်ပေတိုင်ရဲ့လက်ချက်ကြောင့် ဖြတ်တောက်မှုများရှိပါသဖြင့် မူရင်းအရသာလျော့သွားရပါသောကြောင့် သံချပ်ရေးသူများကို ကျနော် မောင်ဇာနည်(ပခုက္ကူ) မှ စီစဉ်သူ ကျောက်မဲကျော်ကြီးကိုယ်စား အနူးအညွတ်တောင်းပန်ပါသည်။ မူရင်းစာသားများလိုချင်သူရှိပါက အညာနွေတမာမြေထံ တောင်းယူနိုင်ပါသည်။ ငွေကြေးထောက်ပံ့ပေးသော အဖွဲ့အစည်းနှင့် ပန်းချီဒီဇိုင်း ဆိုင်းမူကေး၊ ချင်းတွင်းစတူဒီယို ၊ မက်စ် စတူဒီယိုနဲ့ အစစအရာရာအစအဆုံး ကူညီပေးပါသော ဦးနန်းအားလည်း ကျေးဇူးတင်ပါသည်။

အားပေးမှုကို အစဉ်လေးစားလျှက်
 မြန်မာပြည်သူအပေါင်း ဘယာဘေးတွေကွာဝေးလို့ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ကြပါစေ  
စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ ၀ိုင်းတော်သားများ

အစအဆုံး တပြိုင်တည်းနားထောင်လိုလျှင် အညာနွေဘလောခ်ဘေးမှာ အစအဆုံး တပေါင်းတည်းတင်ပေးထားပါတယ်။

No comments: