ဧပြီ ၂၉ရက် ဒီနေ့မနက် ၁နာရီ ၁၅လောက်က မန္တလေးမြစ်ကြီးနား အဆန်ရထား အမှတ် ၃၃ဟာ မိုးညှင်းမြို့ကိုမရောက်ခင် ၁၆မိုင်လောက်ဝေးတဲ့ မော်ဟန်ဘူတာအလွန် စင့်ကြည်ရွာနားအရောက်မှာ မိုင်းထိလို့ အိပ်စင်တွဲ ၈တွဲ လမ်းချော်ကျသွားတဲ့အတွက် သံဃာ ၂ပါးနဲ့ လူတယောက်ဒဏ်ရာ ပြင်းထန်လို့ မိုးညှင်းဆေးရုံမှာတင်ထားရပါတယ်။ ရထားလမ်းချော်တုန်းက သေနတ်သံ လေးငါးချက်လည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုမနက်မှာတော့ မိုးညှင်းက ရထားတွဲမတဲ့ ကရိန်းတွေသွားသလို မြစ်ကြီးနားကလည်း ရထားတစီးလွှတ်ပြီး ခရီးသည်တွေကို သွားသယ်နေတယ်လို့သိရကြောင်းပါ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment