-->

Tuesday, May 8, 2012

၂၀၁၀ X2O မဏ္ဍပ် ဗုံးခွဲသူဟု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် သေဒဏ်ချမှတ်ခံရ

ဓါတ်ပုံ အေအိပ်ခ်ျအာစီ

 ၂၀၁၀ ရန်ကုန်သင်္ကြန်ကန်တော်ကြီးပတ်လမ်း X2O ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးကတည်းက တရားခံဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို ဒီကနေ့မေလ၈ရက်နေ့မှာ အင်းစိန်ထောင်တွင်းမှာရှိတဲ့ မြောက်ပိုင်းခရိုင်အထူးတရားရုံးကနေ သေဒဏ်ချမှတ်လိုက်ပါတယ်။

ကိုဖြိုးဝေအောင်ကိုချလိုက်တဲ့ပုဒ်မအသေးစိတ်တွေကတော့ လူသတ်မှုပုဒ်မ ၃၀၂နဲ့ သေဒဏ်၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆က အလုပ်နဲ့ထောင်ဒဏ် ၁၀နှစ်ဖြစ်ပြီး ဖေါက်ကွဲမှုပုဒ်မ ၁၀၃နဲ့က ထောင်ဒဏ်တသက်တကျွန်းချမှတ်ပါတယ်။ နယ်စပ်ဖြတ်ကျော်မှု ၊သာမာန်နာကျင်စေမှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေကတော့ အလုပ်နဲ့ ထောင်ဒဏ် ၃နှစ်စီချခံရတာဖြစ်ပြီး အားလုံးကို တပေါင်းတည်းကျခံရမယ်လို့ သိရပါတယ်။

No comments: