-->

Monday, September 10, 2012

၈၈ရုံး ၀င်ခွင့်လက်မှတ် (သို့မဟုတ်) ဂျွန်-ဟမ်းဖရီး

၃-၉-၂ဝ၁၂ နေ့ (အင်တာနက်) သတင်းတွေမှာ ပြည်တွင်းက ခေါင်းဆောင်တွေအတွက် နိုင်ငံတကာဆု တခုကို ဒေါက်တာသောင်းထွန်းက ယူသွားပေးအပ်တယ်လို့ တွေ့ရှိရပါတယ်။

 ဒီ (ဂျွန်-ဟမ်းဖရီး) ဆုကို ၆-၁၂-၂ဝဝ၉ နေ့ ကနေဒါနိုင်ငံ၊ အော့်တဝါမြို့မှာ ချီးမြှင့်ပွဲကျင်းပတဲ့အခါ ဒေါက်တာ စိန်ဝင်းက အမှာစကားပြောရပါတယ်။ ဒေါက်တာသောင်းထွန်း၊ ကိုတင်မောင်ထူး (CFOB) နဲ့ ကျွန်တော်တို့လဲ တက်ကြရပါတယ်။ အခုဆုရသူတွေဆီ အမြန်ဆုံးရောက်သွားတာတော့ ဝမ်းသာပါတယ်။
NCGUB အနေနဲ့ အဖွဲ့တွင်းအဖြစ်အပျက်တွေကို ဘယ်သောအခါကမှ အပြင်ကိုထုတ်ပြီး၊ ဝေဖန် တိုက်ခိုက်၊ ရှုံ့ချတာတာမျိုး မလုပ်ခဲ့ပါ။ (မီဒီယာ) သိသင့်သိထိုက်တာ တချို့နဲ့ အများပြည်သူ ရှင်းရှင်းလင်းလင်း သိစေရေးအတွက်သာ တချို့ကိစ္စတွေမှာသာ ပြန်လည်ဖြေရှင်းလေ့ရှိပါတယ်။

 (ဂျွန်ဟန်းဖရီး) ဆုကို ဒေါက်တာသောင်းထွန်း မြန်မာပြည်သွားတဲ့အခါ ယူသွားပေးဘို့ NCGUB ကနေ တာဝန်ပေးမထားပါ။ သူမြန်မာပြည်သွားမယ်ဆိုတာလဲ အဖွဲ့အစည်းနဲ့မသက်ဆိုင်တော့လို့ မသိရှိခဲ့ပါ။
ဒေါက်တာသောင်းထွန်းဟာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အစိုးရဖွဲ့စည်းပြီး မကြာခင်ကတည်းက တာဝန်ပေးအပ်ခြင်းခံရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ NCGUB ကနေ တည်ထောင်ထားတဲ့ TBF (The Burma Fund) မြန်မာ့ရံပုံငွေအဖွဲ့မှာလဲ အမှုဆောင်ဒါရိုက်တာအဖြစ်ပါ တာဝန်ပေးထားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ လုပ်ဆောင်ချက်ပိုင်းတွေမှာ သဘောမတူတာတွေ ဖြစ်လာတာ ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မဲ့ကာလ လောက်ကနေ စခဲ့တာပါ။ ၁၄-၂-၁၂ နေ့မှာ ဒေါက်တာသောင်းထွန်းကနေ မြန်မာ့ရံပုံငွေအဖွဲ့ TBF ရဲ့ အမှုဆောင်အရာရှိ အဖြစ်ကနေ ရှင်းလင်းရမဲ့ ကိစ္စရပ်တွေကို ပြီးပြတ်အောင်ဆောင်ရွက်ပြီးရင် နှုတ်ထွက်ပါမယ်လို့ ဘုတ်အဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

 ဒီကာလအတွင်း ၂၆-၆-၂ဝ၁၂ နေ့မှာ RFA ကနေ ဒေါက်တာသောင်းထွန်းကို မြန်မာ့ရံပုံငွေအဖွဲ့ရဲ့ ဒါရိုက်တာ အနေနဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံတဲ့အကြောင်း သတင်းပါလာခဲ့တယ်။ ဒီအတွက် ခွင့်ပြုချက်မပေးပဲ အဖွဲ့နာမည်နဲ့ တာဝန်ကို အသုံးမပြုတော့ဘို့ ဘုတ်အဖွဲ့ကနေ ဒေါက်တာသောင်းထွန်းကို ၂၉-၆-၁၂ နေ့မှာ သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

၂၂-၇-၂ဝ၁၂ နေ့မှာ ဒေါက်တာသောင်းထွန်းကလည်း မြန်မာ့ရံပုံငွေအဖွဲ့ဘုတ်အဖွဲ့ဆီကို အမှုဆောင် ဒါရိုက်တာအဖြစ်က နှုတ်ထွက်ကြောင်းအပြင် TBF ဥက္ကဌ နဲ့ NCGUB ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်း ဆီကိုလည်း ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်တဲ့စာကိုပါ တပြိုင်တည်း တင်သွင်းခဲ့တယ်။ နှုတ်ထွက်စာတွေကို TBF နဲ့ NCGUB တို့ကလည်း လက်ခံ အတည်ပြုထားပြီး ဖြစ်ပါတယ်။

 ဒေါက်တာတင့်ဆွေ ၄-၉-၂ဝ၁၂
ဓါတ်ပုံများကို မစုစုနွေး ဖေ့ဘုတ်မှယူထားပါတယ်။

No comments: