-->

Monday, February 7, 2011

စစ်မှုထမ်းဥပဒေကို ကန့်ကွက်စာတွေ ဖြန့်ဝေ

မန္တလေးမြို့သစ် အရှေ့ပိုင်းနှင့်အနောက်ပိုင်း၊ ရတနာပုံတက္ကသိုလ် နေရာတွေမှာ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်တဲ့ စာရွက်တွေ မနေ့မနက်က အာရုံအချိန်လောက် ဆိုင်ကယ်နဲ့ကျဲဖြန့်ခဲ့ကြပါတယ်။

သန်လျင်ကျောက်တန်း၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ လသာ။ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ လမ်းမတော်၊မ/ တ ဥက္ကလာ၊ တောင်ဒဂုံ၊ ကြည့်မြင်တိုင်၊ရန်ကင်း၊ အင်းစိန်၊ သာကေတ၊ ဒလ၊မင်္ဂလာတောင်ညွန့်၊ တွံတေး၊ရွှေပြည်သာ မြို့နယ်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူတွေကရတော့ ယခုစစ်မှုထမ်းဥပဒေကိုမကြိုက်လို့ ယူပီးအချင်းချင်းပြောဆိုဆွေးနွေးတာတွေ ပြန်လည်လက်ဆင့်ကမ်းတာတွေကို လုပ်ခဲ့ကြတယ်လို့ ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ကိုရန်နိုင်က ပြောပြပါတယ်။



campaign

No comments: