-->

Friday, March 27, 2009

တော်လှန်ရေးနေ့မှာ မြန်မာပြည်မြို့ကြီးတော်တော်များများ ဆန့်ကျင်စာဖြန့်

မန္တလေးမြို့ရဲ့ကျုံးပတ်ဝန်းကျင် ၊မစိုးရိမ်စာသင်တိုက်၊ မြို့မ ရုပ်ရှင်ရုံအနီး၊ မြောက်ပြင်နဲ့ ရန်ကုန်မန္တလေး ကားလမ်းမပေါ်မှာ စစ်အာဏာရှင်မလိုလားသူတွေက ဆန့်ကျင်တဲ့စာတွေဖြန့်ဝေခဲ့သည်၊ဒီစာတွေထဲမှာတော့
နိုင်ငံေ၇းအကျဉ်းသားများလွတ်မြောက်ရေး ဒို့အရေး
လူထုအစိုးရတရပ်ဖေါ်ဆောင်ရေး ဒို့အရေး
၂၀၁၀ရွေးကောက်ပွဲအလိုမရှိ
မတရားမှုမှန်သမျှတိုက်ပွဲဝင်ကြဆိုတဲ့
စာသားတွေပါသည်ဟူ သိရသည်၊အရိုးရင်းကိုက်နေရသော ကြံ့ဖွတ်နဲ့ စွမ်းအားရှင်များက သူခိုးပြေးမှ ထိုးကွင်းထဆိုသလို မနက်လင်းမှ လုံခြုံရေးတွေစောင့်နေသည်ဟု ဒေသခံတွေကပြောသည်၊
အလားတူ စာ၇ွက်မျိုးကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးမှာလည်းဖြန့်ဝေခဲ့သည်၊ရန်ကုန် မြောက်ဥက္ကလာ မယ်လုမုဘုရားမှာတော့ လူထုအတွက်စတေးခံ မြေသြဇာအဖွဲ့က မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က တပ်မတော်သားတွေကို လူထုဘက်က ရပ်ပေးရန်နိုးဆော်တဲ့ စာတွေဖြန့်ဝေပေးကြပြီး၊
ဘားမားဒီမိုကရက်တစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၁၉၉၀ ရွေးကောက်ပွဲအသိမှတ်ပြုရေး ၊
၁၉၉၀ ရွေးကောက်ပွဲအခြေခံပြီး ပြည်သူ့လွတ်တော်ခေါ်ယူုရေး ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပေးဖို့တောင်းဆိုတဲ့ ပိုစတာတွေ ဖြန့်ဝေခဲ့သည်ဟုသိရသည်၊
မြောက်ဥက္ကလာ တည်းခိုခန်းတခုမှာ ဗုံးကွဲခဲ့တဲ့အတွက် ရဲတွေအဲဒီနေရာမှာ ၀ိုင်းနေတာကြောင့် လှုပ်ရှားရသူတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ဖြန့်ဝေနိုင်ခဲ့သည်ဟု မြေသြဇာလူငယ်က ချက်တင်ကနေ အညာနွေတမာမြေကို လှမ်းပြောပါသည်၊

No comments: