တပ်မတော်နေ့က ဖွင့်လှစ်ခဲ့တဲ့ တွံတေးမြို့က မြို့မိမြို့ဖ ဦးကျော်တင့်ပိုင် ဧရာဟော်တယ်မှာ နိုက်ကလပ်ဖွင့်နေတဲ့အတွက် မြို့ခံသံဃာတော်တွေနဲ့ ဒကာဒကာမတွေက ပဌာန်းရွတ်ပြီး သာသနာ့နယ်မြေကနေ ဖယ်ရှားပေးဖို့ ဆန္ဒထုတ်ဖေါ်နေသည်၊၊ဒီဟော်တယ်ဟာ ဘုရင်နောင်တိုးချဲ့ကွက်သစ်က ဆံတော်လေးစေတီအနားမှာတည်ရှိတာဖြစ်ပြီး သာသနာ့နယ်မြေဖြစ်တဲ့အတွက် မြို့ခံသံဃာတွေနဲ့ ဒေသခံတွေက မကျေမနပ်ဖြစ်လို့ ခုလို ကန့်ကွက်ရတာဖြစ်တယ်လို့ သိရသည်၊၊ခုပြုလုပ်နေတဲ့ပဌာန်းပွဲမှာ သံဃာတော် ၆ပါး ရွတ်ဖတ်နေကာ ဒကာဒကာမ ၁၀၀နီးပါး တရားနာရင်း ကန့်ကွက်နေပြီး လက်ကိုင်ထုတ် ၃၀ လောက်ကလည်း အချွန်နဲ့မရန် စောင့်ကြည့်နေကြောင်း နောက်ဆုံးဝင်လာတဲ့သတင်းအရ သိရသည်၊
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment