-->

Wednesday, May 27, 2009

ကျောက်ပန်းတောင်း နဲ့ညောင်ဦးမှာ ဒေါ်စုလွတ်မြောက်ရေး လှုပ်ရှားမှုဖြစ်

မေလ ၂၆ ရက်နေ့ညက ညောင်ဦးမြို့က လူငယ် ၂၇ ဦးဟာ ဒေါ်အောင်ဆန်းစုကြည် ကိုအကျယ်ချုပ်ချထားတဲ့ မေ ၂၇ ကိုရည်ရွယ်ပြီး ရုံးညောင်ပင်ရပ်က ဆုတောင်းပြည့်ဘုရားမှာ ဖယောင်းတိုင် ၂၇ တိုင်ထွန်းညှိဆုတောင်းပွဲတွေလုပ်ခဲ့ပါတယ်၊၊ သူတို့အနေနဲ့ နောက်ရက်တွေမှာ ပုဂံကနာမည်ကြီး ဘုရားတွေမှာလည်း ဆုတောင်းပွဲတွေလုပ်သွားမယ်လို့သိရပါတယ်၊ ကျောက်ပန်းတောင်းမြို့မှာတော့ လုံခြုံရေးအတော်တင်းနေပြီး အရင်ရက်က ဆုတောင်းပွဲမှာပါတဲ့ လူငယ်တွေရဲ့အိမ်တွေကို စောင့်ကြည့်တာတွေရှိနေတယ်လို့ပြောပါတယ်၊ ဒါပေမဲ့ လူငယ်တွေဟာ ဆိုင်ကယ် ၄စီးနဲ့ မြို့ထဲလှည့်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်အသက် ၆၄ နှစ်ကို ရည်ရွယ်ကာ မိုးပျံပူပေါင်း ၆၄ လုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားရာကနေ ချက်ချင်းလွှတ်ဆိုတဲ့ စာတန်းကို မင်နီနဲ့ရေးပြီး ၂နာရီ ၇ မိနစ်မှာ လွှတ်တင်ခဲ့တယ်လို့သိရပါတယ်၊ ရန်ကုန်က အန်အယ်လ်ဒီလူငယ်တွေကတော့ ရုံးချုပ်ရှေ့မှာ ဆန္ဒပြမယ်ရည်ရွယ်ခဲ့ပေမဲ့ လူကြီးတွေက တားတဲ့အတွက် မလုပ်ဖြစ်ဘူးလို့သိရပါတယ်၊ နောက်ထပ်တနေရာရာကို ရွေးချယ်ပြီး ဆန္ဒထုတ်ဖေါ်ဖို့ပြင်ဆင်နေကြပါတယ်၊
နိုင်ငံနဲ့အ၀ှမ်း ဆုတောင်းသံတွေ လှုပ်ရှားမှုတွေ ညံစေရမယ်

အညာနွေ တမာမြေ


Rest of your post
အညာနွေတမာမြေ

No comments: