-->

Wednesday, May 20, 2009

သူတို့ ဘာကြောင့် ကြောက်နေကြတာလဲ?

စစ်အာဏာရှင်တွေက စိုးရိမ်စိတ်များစွာ ဖြစ်နေကြောင်း ကြားသိရပါတယ်။ ဗိုလ်ချုပ်မှူးးကြီးက နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ သတိပေးစာများပို့ရန ကြေးနန်းနှင့်စာတိုက်ဝန်ကြီးဌာနကို နေပြည်တော်က အမိန့်အဆက်မပြတ်ရောက် ရှိ နေကြောင်းကြားသိရပါတယ်။
ပြည်တွင်းမှနေ၍နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ အထူးသတိထားနေကြရန် အသေးစိတ် လျှို့ဝှက်ညွန်ကြားချက်များနှင့် တပ်လှန့်ထားကြောင်း ခိုင်လုံသော သံတမန် သတင်းရပ်ကွက်များမှ ထပ်ဆင့်သိရှိရသည်။
အချို့အရေးကြီးသည့် သြစတေးယား၊ ထိုင်း၊ ဂျပန်၊ အမေရိကား၊ ကနေဒါ စသည်နိုင်ငံများတွင် နေ့ညမပြတ် အနည်းဆုံး လူနှစ်ယောက်စီ ကင်းကျတာဝန်ယူခိုင်းထားပြီး နေပြည်တော်နှင့် အမြဲဆက်သွယ်မှု မပြတ်ရန် ညွန်ကြားထားသည်။ သံတမန်မိသားစုဝင်များ ဆွေမျိုး သားသမီးများကိုပါ ကင်းစောင့်ရန်နှင့် ကျောင်းသွားခြင်း၊ ရုံးသွားခြင်း၊ ဈေးသွားခြင်းတို့တွင်၊ ဒေသခံဒရိုင်ဘာတို့ မောင်းနှင်သောသံရုံး၏ ကားဖြင့်သာသွားလာရန် ညွန်ကြားထားကြောင်း သိရသည်။


သံရုံးသို့ ဖုန်းဆက်လျှင်လည်း မည်သည့် မြန်မာသံဝန်ထမ်းကမျှ မကိုင်ရန်နှင့် ဒေသခံ Receptionist များမှသာ ဖုန်းတဆင့်ကိုင်ရန်၊့ အင်တာကွန်းဖြင့် မြန်မာဝန်ထမ်းများမှ နားထောင်ရန် နေပြည်တော်မှ ညွန်ကြားထားသည်။ သံရုံးမှ စာရွက်စာတမ်းများကို အမှိုက်ပုံးထဲသို့ မပြစ်ရန်၊ စာရွက်ဖျက်စက်များ သံရုံးတိုင်း အသစ်ဝယ်ထားရန်၊ ဒေသလုံခြုံရေး Alarm Company များ Motions Sensors သုံး မီးလုံးများ ကင်မရာ ရုပ်ဖမ်းစက်များ တပ်ဆင်ထားရန် Budget ခွင့်ပြုထားပြီးဖြစ်သည်။
အချို့နိုင်ငံများ ဂျပန်၊ ထိုင်းစသည်တို့တွင် ဒေသခံရဲများကို နာရီပြည့်ငှါးထားရန်၊ အနောက်နိုင်ငံကြီးများတွင် တခါဘူးမျှ မငှါးဘူးသည့် ဒေသခံ Security များငှါးရမ်း အသုံးပြုရန် ညွန်ကြားထားသည်။ အထူးညွန်ကြားချက်မှာ သံရုံးတိုင်း မိမိတို့ရောက်ရှိရာ နိုင်ငံတိုင်း ရှိ အာဆီယံ သံရုံးဝန်ထမ်းများနှင့် မိမိတို့ အဆင့်ဆင့်အလိုက် အထူးပိုမို မိတ်ဆွေဖွဲ့ထားရန် (Lunch အတူ စားခြင်း၊ လက်ဆောင်ပေးခြင်း) ညွန်ကြားထားသည်။
သံအမတ်ကြီး၏နေအိမ်မှ ထမင်းချက် အမျိုးသမီးများမှအစ ဥယျာဉ်မှူးအဆုံး စနေ၊ တနင်္ဂနွေ ထွက်လည်ခွင့်ကို ခေတ္တပိတ်ထားရန် စသည်တို့ပါသည်.ပြည်ပရှိ မိမိတို့မိသားစုများထံ လိုက်လာရန်၊ လည်ရန် အသင့်ဖြစ်နေသော ပြည်တွင်းထဲမှ သံတမန်မိသားစု၊ ဆွေမျိုးစုများကိုလည်း ယာယီထွက်ခွင့် ပိတ်ထားလိုက်သည်။
စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးက ထို့ထက် ပိုစိုးရိမ်မှုများ ပိုတိုးလာပါသည်။ အထူးမှာကြားချက်ဖြင့် သံရုံးဝန်ထမ်း အချင်းချင်းကြားပင်လျှင် အချင်းချင်း အထူးသတိထား စောင့်ကြည့်ကြရန်၊ အရေးပေါ် အခြေအနေအပေါ် အခွင့် ကောင်းယူ၍ နိုင်ငံရေးခိုလှုံခွင့်မျိုးဖြင့် ထွက်မပြေးနိုင်စေရန် သံအမတ်ကို အထူးမှာကြားထားသည်။ မည်သည့်မီဒီယာနှင့်မျှ အင်တာဗျူးမလုပ်ရန်၊ ဒေသဆိုင်ရာ နိုင်ငံခြားရေး ဌာနများ၊ ၀န်ထမ်းများကို အထူးနီးကပ်စွာ ဆက်ဆံရန် (ဖါးထားရန်) ညွန်ကြားထားသည်။
ပြည်ပအခြေစိုက်သံရုံးများကို ဗိုလ်ချုပ်မူးကြီးအမိန့် ဒီတပတ်အတွင်း လစာများထပ်မံတိုးပေးရန် ညွန့်ကြားများ ထုတ်ပြန်ခဲ့ကြောင်း ကြားရပါတယ် နေပြီးစားပြီး US$ ၁၂၀၀ မှ ကျပ် ၄၀၀၀ ကျော်အထိရသော သံရုံးဝန်ထမ်းများကို လစာထပ်မံတိုးပေးရန် အသံများလည်း ထွက်ပေါ်လျှက်ရှိသည်။
ပြည်ပအခြေစိုက် သံရုံးများကို ပြည်ပအခြေစိုက် မြန်မာဒီမိုကရေစီအင်အားစုများက ၀င်ရောက်စီးနင်းမှုများကို အထူးကာကွယ်ရန် သံအမတ်ကြီးကို လျှို့ဝှက်သီးသန့် မှာကြားထားသည် ဘန်ကောက်သံရုံး အပိုင်စီးမှုမျိုးကဲ့သို့ ဖြစ်ပေါ်လာလျှင် အဘယ်သို့ အရေးပေါ် လုပ်ဆောင်ရမည်ကိုလည်း သံအမတ်ကြီးကို အမိန့်ထုတ်ပြန်ထားပါတယ်။
သူတို့ ဘာကြောင့် ကြောက်နေကြတာလဲ?

တင်ပြသူ အရှင်ထေရ၀ံသ

No comments: