line
နအဖစစ်အစိုးရက သတင်းဌာနများနှင့် နိုင်ငံတကာသံတမန်များကို ယနေ့နံနက် (၈:၃၀) နာရီ၌ အင်းစိန်ထောင်သို့ ခေါ်ယူကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ ပြည်ပသတင်းဌာနများမှ သတင်းစာဆရာ (၁၅) ဦး၊ ပြည်တွင်းစာနယ်ဇင်းဆရာ (၁၀) ဦးနှင့် သံတမန် (၂၉) ဦးတို့ တက်ရောက်ခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်း ထားသည့် ဥပဒေများကို ရှင်းလင်းပြောဆိုသွားကာ ဒေါ်အောင်ဆန်းစုကြည်ကို မေ (၂၇) သက်တမ်းကုန်ပါကလည်း နောက် (၆) လ ဆက်လက်ထိန်းသိမ်းသွားနိုင်သေးသည်ဟု ပြောကြားခဲ့သည်။
သို့သော် နောက် (၆) လ ထပ်ချုပ်သင့် မချုပ်သင့် စဉ်းစားနေစဉ်တွင် မစ္စတာယက်တောအမှု ဖြစ်ပေါ်လာသောကြောင့် ၀မ်းနည်းစွာဖြင့် အမှုဖွင့်ခဲ့ရသည်ဟုလည်း ပြောကြားသွားကြောင်း သိရသည်။
တရားခွင်မှာ ဒေါ်စုကိုယ်တိုင်စာရေးသားပြီးထွက်ဆိုသွားပါတယ်၊ ယနေ့ အင်းစိန်တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်၏ စာရေးသား ထွက်ဆိုချက်အလုံးစုံကို မနက်ဖြန်တွင် အန်အယ်လ်ဒီပါတီက ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
တရားခွင်မစတင်မီ နံနက်ပိုင်းတွင် ရဲချုပ်ခင်ရီက စာနယ်ဇင်းသမားများနှင့် သံတမန်များကို ခေါ်ယူကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း သတင်းသမားများအား ပြန်လှန်မေးမြန်းခွင့်မပြုခဲ့ပေ။
ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။
Rest of your post
အညာနွေတမာမြေ
Tuesday, May 26, 2009
ဒေါ်စုကို အကျယ်ချုပ် နောက်၆လ ထပ်တိုးမယ်ဆို တိုးနိုင်တယ်လို့ ရဲအရာရှိပြော
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment