-->

Tuesday, May 26, 2009

အချိန်မှီပါသေးတယ်

ဒီကနေ့အခြေအနေဟာ အတော်အရေးကြီးနေပါပြီ၊ ပြည်သူချစ်တဲ့ ခေါင်းဆောင် ကမ္ဘာက အသိအမှတ်ပြုတဲ့ ငြိမ်းချင်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမုဒိမ်းကျင့်ခံရပါတော့မယ်၊၊ နောက်ဆုံးရရှိတဲ့သတင်းတွေအရ တရားသူကြီးလက်ထဲမှာ အန်တီစုကို ထောင်ဒဏ် ၅နှစ်ချပြီး ဧရာဝတီတိုင်း ဖျာပုံထောင်ကို ပို့ဖို့ဆိုတဲ့အမိန့်စာက တစောင်၊ ထောင်ဒဏ်သုံးနှစ်ချ ဆိုင်းငံ့ကာလဆို ပြီးအကျယ်ချုပ်ပြန်ပို့ဖို့ အမိန့်စာတစောင် စုစုပေါင်း ၂စောင်ရှိနေတယ်၊၊ ဘယ်လောက်ယုတ်မာထားသလဲ၊ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရတဲ့ လှလိုက်တဲ့ မောင်သိန်းစိန်ရဲ့ စကားလုံး ။ အခုအမိန့်ချမဲ့တရားသူကြီးကိုယ်တိုင်လည်း အစောင့်တွေနဲ့နေနေရတယ်ဆိုပဲ၊ အရင်ကတည်းက ၈၈ ကျောင်းသားတွေ နိုင်ငံရေးသမားတွေကို လက်သံပြောင်ပြောင်နဲ့ ပထွေးကိုမျက်နှာလုပ်ချင်တာများပြီး မတန်တဆစီရင်ချက်ချခဲ့တဲ့ ဦးညီညီစိုး ခုတော့လန့်နေပြီပေါ့၊
ချလိုက်ပါ ရဲရဲသာချလိုက်၊ ခင်များလိပ်ပြာလုံရင်ချ အန်တီစုလိုလူမျိုးကို ခင်များသခင်အားရ ကျွန်ပါးဝပြီး စီရင်ချက်ချလိုက်မယ်ဆိုရင် ခင်များကိုယ့်ဟာကို ခြောက်ခြားပြီး အဆုံးစီရင်တဲ့သူဖြစ်ဦးမှာပါ၊ လူထုက မေတ္တာနဲ့ပဲ တုံ့ပြန်မှာပါ၊ ခင်များကိုလုပ်ကြံလိမ့်မယ်ထင်ပြီး လုံခြုံရေးတွေ ခင်များအိမ်မှာချထားရတာ ပင်ပန်းပါတယ်၊ ခင်များထင်သလို လူထုကမရိုင်းသေးဘူး ။ ဒါပေမဲ့ လိုအပ်လာရင်တော့ သီးမခံနိုင်တဲ့အဆုံး ရှင်မဟာမောဂ္ဂလန်တောင် နန္ဒောပနန္ဒ နင်္ဂါးမင်းကို အင်အားသုံးပြခဲ့တဲ့ နမူနာတော့ ခင်များ ဗုဒ္ဓဘာသာ လိုက်စားတဲ့သူဆိုသိမှာပါ၊ အချိန်မှီပါသေးတယ်။


ဟောင်ကောင်က ရဲမြင့်အောင်ဆိုတဲ့လူလည်း အရူးချေးပန်း ချေးစားတဲ့ဦးနှောက်နဲ့ နှမချင်းမစာမနာ ပြောထားတာ ခင်များကအပြင်မှာနော် ခင်များပထွေးတွေ အစောင့်အရှောက်အောက်မှာ နေတာတောင်မလုံခြုံဘူး မဆလခေတ်က ဘောမနေတဲ့သူတွေ ၈၈ တုန်းက ခွေးပြေးဝက်ပြေးပြေးရတာတွေ ခင်များကြားဘူးထားရင် ဆင်ခြင်ပါ။ အချိန်မှီပါသေးတယ်။
တပ်မတော်အတွင်းက ရဲဘော်အပေါင်းလည်း မေတ္တာရပ်ခံချင်တာက ခင်များတို့ရန်သူဟာ ပြည်သူမဟုတ်ဘူးဆိုတာ သိဖို့ပါ၊ ပြည်သူက စစ်သားကိုမုန်းနေတာမဟုတ်ပါဘူး စစ်အာဏာရှင်ကိုမုန်းနေတာပါ၊ ခင်များတို့ပြောနေကြစကားလုံးရှိတယ်၊ သူ့ဆန်စားရဲမှတဲ့ အဲဒါကိုခင်များတို့မရှင်းဘူး သူ့ဆန်ဆိုတာ ခင်များတို့နေ့တိုင်း ရှိခိုးဦးညွတ်နေရတဲ့ ဦးသန်းရွှေရဲ့ဆန်မဟုတ်ဘူး ခင်များတို့ သဘောပေါက်လွဲနေတယ်၊ တပ်ထဲမှာ အလုပ်မရှိကြက်ဆူပင်ရေလောင်း ရဲဘော်တို့မိန်းမတွေက အဘတို့အဘိုးတို့ရဲ့အထက်က ဘွားဘွားတွေအိမ်မှာထမီလျှော်ပေး သနပ်ခါးသွေးပေးနေရတဲ့ဘ၀ကို လက်ပိုက်ကြည့်နေမှာလား၊ အဲဒီတော့ အာဏာရှင် လက်တဆုပ်ခိုင်းတာကို ဘာလို့မျက်စိမှိတ်ပြီးလုပ်နေမှာလဲ ငတ်ပြတ်စုတ်ပဲနုံချာနေတဲ့ ပြည်သူကို ကယ်တင်မှာလား ၊ ထပ်ပြီး နိပ်စက်ဦးမှာလား
အချိန်မှီပါသေးတယ်။
ပြည်သူကမပြောနဲ့ ခွေးတောင်မုန်းတဲ့ ပြည်သူ့ရဲတွေ ကူညီပါရစေခင်များတဲ့ ဘယ်သူ့ကိုကူညီနေတာလဲ၊ အလုပ်မရှိ ဆင်မရဲ့ဟိုဟာကို အနာလုပ် ပလက်ဖေါင်းခေါင်းအုံး ဓါတ်တိုင်သေးပန်းပြီး လူထုကို စောင့်ကြည့်ခိုင်းတာ စောင့်နေရတာ သနားတယ်ဗျာ ကျွတ်ကျွတ်ကျွတ်၊ ၀ဋ်ရှိရင်ခင်များတို့ ဒီဘ၀ကျေပါစေ ဆုတောင်းပါတယ်၊ ဒီတော့သေချာစဉ်းစားပေါ့ဗျာ အချိန်မှီပါသေးတယ်။
ရွေးကောက်ပွဲ မှာမင်းတို့ကိုပါတီထောင်ပြီးဝင်ခိုင်းမယ် ပြီးရင်အာဏာပေးမယ်ဆိုပြီး ဖင်ချော့--ုးခံနေရတဲ့ ကြံ့ဖွတ်လေးတွေ ဆောင့်ကြောင့်ထိုင်ပြီး ဆင့်--ီး ခွေးမျှော်သလိုသာထိုင်စောင့်နေ ရမှာသေချာတယ်၊ တယ်လီဖုန်းလေးချပေး ၊ လုပ်ပိုင်ခွင့်လေးအနည်းငယ်ရတာနဲ့ မမြင်ဘူးမူးမြစ်ထင် ဖြစ်နေကြတာ၊ မင်းတို့လည်း ပြည်သူထဲကပြည်သူတွေပါ၊ ၀ံကြီးခရီးစဉ်ဆိုရင် အဖြူအစိမ်းလေးဝတ် နေပူထဲ လက်အုပ်လေးချီပြီး စောင့်နေရတာ တကယ်ရင်နာတယ်၊ ကြိတ်ငိုနေရတဲ့ မင်းတို့ဘ၀ကို နားလည်ပါတယ်၊ ဟန်လုပ်ပြီး ရီပြမနေနဲ့ အချိန်မှီပါသေးတယ်။၊
ဒို့မြန်မာပြည်မှာ မပျင်းရင်ထမင်းမငတ်ပါဘူး ၊ ရိုးရိုးသားသား ကြိုးကြိုးစားလုပ်ရင် ဆိုက်ကားနင်းမလား ပွဲရုံတွေ၊ ဆိုင်တွေမှာ လိုတာကူလုပ်မလား တနေ့ ၂ထောင်ဆိုတာ ရနိုင်ပါတယ်အမောင်စွမ်းအားရှင်လေးတွေရေ ၊ ခုတော့ ဘာမှမဟုတ်ပဲ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး လူထူထူရှိတဲ့နေရာမှာ မင်းတို့ကို ရင်ထိုးလေးတခုပေးပြီး လူတွေထဲသတင်းယူခိုင်း တကယ်လို့လူထုက ဒေါသဖြစ်လာရင် မင်းတို့က မိနစ်ပိုင်းလေးနဲ့ သေရမဲ့ကောင်လေးတွေဆိုတာ သဘောပေါက်ထားနော်၊ ရှုးရှုးတိုက်တိုင်း ကိုက်ရအောင် မင်းတို့က ခွေးလား မဟုတ်ဘူးမလား၊ စက်တင်ဘာတုန်းက ပခုက္ကူ သံဃာ့အရေးခင်းမှာ ကြံဖွတ်က ခိုင်းလို့ရိုက်တဲ့ စွမ်းအားရှင်ခင်မောင်ဝင်း် ကြားဘူးတယ်မလား၊ သူ့အိမ်ကို လည်းအဖျက်ခံရတယ် ခုတော့ ခိုင်းတဲ့သူတွေက မကယ်ပဲ ပြည်သူကျေနပ်အောင် ထောင်ချလိုက်တယ် သရက်ထောင်မှာ သူလွတ်လာရင်မေးကြည့် စွမ်းအားရှင်လုပ်ရတဲ့အရသာ ဘယ်လိုရှိလဲလို့ ၊ သနားစရာကောင်းတာက သူ့မိန်းမနဲ့ သူ့သမီးလေး အလုပ်ကမလုပ်တတ်မကိုင်တတ်နဲ့မို့လားမသိ ခန္ဓာကိုယ်ရောင်းစားနေရတာ မင်းတို့သိမှာမဟုတ်ဘူး၊ ပုံပြင်ပြောနေတာမဟုတ်ဘူး မယုံရင် ပခုက္ကူဘက်က သိတဲ့သူတွေမေးကြည့် ၊ အဲဒီတော့ကွာ ကိုယ့်ချွေးနည်းစာနဲ့ရတဲ့ ငွေနဲ့ပဲ မိသားစုကိုလုပ်ကျွေးပါ ။ ပြည်သူအချင်းချင်း သွေးခွဲပြီး လောက်လေးခွလေး ၀ါးရင်းတုတ်လေး ကိုင်ခွင့်ပေးပြီး ခိုင်းတာကို မင်းတို့ကိုမင်းတို့ ဗန္ဓုလ မခံဘူးကွလုပ်မနေနဲ့ လဥဗုံးမှန်ရင် ဖင်ကုန်းခံသွားရမယ်၊ အဲဒီတော့ အချိန်မှီပါသေးတယ်၊
ပင်နီတိုက်ပုံလေးတွေနဲ့ ချစ်စရာညီငယ်လေးတွေရော အန်တီအတွက် ဘာလုပ်ကြမလဲ ဘဘကြီးတို့ပါတီစည်းကမ်းနဲ့နေတာလူကြီးကဏ္ဍလေ ဒို့လုပ်စရာဒို့လုပ်အောင် လူထုက ကိုရင်တို့ဦးဆောင်မှုကို မျှော်နေကြရှာတယ်၊ အားကိုးလွန်းလို့ ၁၉၉၀ မှာ ပုံအောထားတာနော် ဒီတပွဲမှာ ကိုရင်တို့ဘာလုပ်ကြမလဲ စောင့်နေကြတာ ၊ စကားမစပ် တလောက အမတ်မင်းဆိုတဲ့ လူကြီးတဦး ပါတီအရေးဘယ်လောက်စိတ်ဝင်စားသလဲဆိုရင် အခမ်းအနားတခုမှာ အမှာစကားပြောလေရဲ့ အခုဆိုရင် အန်တီစုကို အင်းစိန်ထောင်မှာ ထောင်ဘယ်လောက်ဆိုလားချလိုက်တယ်ဆိုပဲ တဲ့ ပြောသွားလိုက်တာကွာ နှလုံးနာတယ်၊ အဲလိုတော့ မဖြစ်အောင်သတိထားပါကွာ အားကိုယ်းတကြီးနဲ့ စောင့်နေကြရှာတဲ့ပြည်သူတွေကို ရှိတဲ့အင်အားနဲ့ စစ်ကျွန်ဘ၀ကလွတ်အောင် ကုန်းရုန်းထခိုင်းကြတာပေါ့ လေးစားတယ်နော် အချိန်မှီပါသေးတယ်။

ကျနော်တို့ပြည်သူတွေကလည်း နိုင်ငံရေးလုပ်တဲ့ကောင်ဆို ကြောက်စရာသတ္တ၀ါလို့ သဘောမထားပါနဲ့ဗျာ ၊ အဲဒီပိုးဝင်လာရင် ဘယ်သူမှတားမရလို့ ဆက်လုပ်နေကြတာပါ၊ နအဖ နိပ်စက်လို့ နိုင်ငံရေးသမားတွေက နလံမထူနိုင်ဖြစ်နေတာကို အားပေးကြပါ၊ မင်းတို့ ဆောက်သုံးမကျလို့ဆိုပြီး တယောက်ကိုတယောက် အပြစ်ပုံချရမဲ့အချိန်မဟုတ်တော့ပါဘူး၊ ကျုပ်တို့မြန်မာပြည်ကြီးက အုပ်ချုပ်သူမကောင်းလို့ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတာပါ၊ မြန်မာပတ်စပို့စ် အနီလေးကို အဖုံးလေးဖုံးပြီး နိုင်ငံတကာမှာ မျက်နှာငယ်လေးနဲ့ နေရတဲ့ဘ၀ ကိုယ့်ထမင်းကိုယ်တောင် ထမင်းတလုတ် ဒုတ်တချက် စားနေရတဲ့ဘ၀က လွတ်အောင် ဒီတပွဲကို အသကုန်နွှဲလိုက်ကြရအောင်ဗျာ အချိန်မှီပါသေးတယ်။

မကြာခင်လာတော့မဲ့ လူထုတိုက်ပွဲကြီးကို ဒီမိုကရေစီအင်အားစုတွေအနေနဲ့ နိုင်ရာတာဝန်ထမ်းပြီး ရရာလက်နက်နဲ့ ဖက်ဆစ်နအဖကို အပြတ်ချေမှုန်းကြပါစို့

မှတ်ချက်။ ။ မြန်မာ့နိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး အင်တာနက်စာမျက်နှာမှ အချက်လက်တချို့ကို မှီငြမ်းထားပါတယ်။
ဆဲချင်တာရှိရင် စီဘောက်မှာ အားပါးတရလွတ်လပ်စွာ ဆဲနိုင်ပါတယ် မည်သူ့ကိုမှ မဘမ်းပါ၊


အညာနွေတမာမြေ

No comments: