-->

Thursday, June 4, 2009

အမေရိကန်သံရုံးရှေ့ အကူညီသွားတောင်းသူ မိသားစု ၂ခု အဖမ်းခံရ

ရန်ကုန်ကလာတဲ့သတင်းတွေအရ ဒီနေ့ဇွန်လ ၄ရက်နေ့ အမေရိကန်သံရုံးရှေ့မှာ အမျိုးသမီး ၂ဦးနဲ့ ကလေး ၄ ဦးတို့ဟာ သူတို့ယောကျာင်္းနဲ့ သူတို့အဖေတွေ လွတ်မြောက်ရေးအတွက် အမေရိကန်သံရုံးတာဝန်ခံကို အကူအညီပေးပါရန် တောင်းခံခဲ့တယ်လို့သိရပါတယ်၊ သံရုံးတာဝန်ခံက ၁၅ မိနစ်လောက်လက်ခံစကားပြောခဲ့ပြီး မိသားစု ၂ခုဟာ အပြန်မှာ အဖမ်းဆီးခံရတယ်လို့သိရသည်၊ သူတို့ဟာ တလောက အင်းစိန်ထောင်ရှေ့မှာ အဖမ်းခံရတဲ့ ကိုထွေးသိန်းနဲ့ ဗိုလ်ကြီး ဇော်ညွန့်ရဲ့မိသားစုတွေဖြစ်နိုင်တယ်လို့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်၊ သူတို့ကိုင်ဆောင်ထားတာကတော့ ကျနော်တို့ အဖေ ကျမတို့ ခင်ပွန်းတွေကို ဖမ်းခံထားရတာ ကူညီပါလို့ ရေးထားတယ်လို့ဆိုပါတယ်၊
ဒီလုပ်ရပ်ကို အညာနွေမှထောက်ခံပါသည်၊ ကိုထွေးသိန်း မိသားစုမှာ ဆိုင်ရှင်ကိုဖိအားပေးခံရလို့ ဈေးရောင်းနေရာကနေ ဖယ်ပေးခိုင်းတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေရပါတယ်၊ သူတို့အတွက် ယောကျာင်္းက မရှိ လုပ်ကိုင်စားစရာ နေရာမရှိတော့တဲ့အတွက် ဒီလိုလုပ်ရပ်ဟာမှန်ကန်ပါတယ်။
အညာနွေကတော့ လုပ်ပါလို့ မပြောရဲပေမဲ့ တယောက်ဖမ်းခံရရင် အိမ်က မိသားစုတွေ ကလေးရော ခွေးရော ကြောင်ရော အကုန်ခေါ်သွားပြီး အဖမ်းခံတဲ့နည်းဟာ အကြမ်းမဖက်ပဲ အစဉ်ပြေမယ်ထင်ပါတယ်၊ သူတို့ထောင်တွေ လူဘယ်လောက်ကို တင်ကြွေးထားနိုင်မှာလဲ ဒါကြောင့်မို့ မရဲတရဲပြောကြည့်ပါရစေ၊ ၂၀၀၇တုန်းက ကိုအေးလွင်တို့ ဦးဆောင်တဲ့ အုပ်စုက အမေရိကန်သံရုံးရှေ့ သွားဆန္ဒပြတုန်းကတော့ မီးပွိုင့်တွေတောင် ရှင်းပေးခဲ့ပါတယ်၊ကြီးမားတဲ့ နိုင်ငံတော်ရဲ့စေတနာပါ၊
လူအချင်းချင်း ဖမ်းဆီနှိက်စက်ခြင်းမှ အမြန်ဆုံးကင်းဝေးကြပါစေ



Rest of your post
အညာနွေတမာမြေ

No comments: