-->

Thursday, June 4, 2009

မလေးရှားရောက်မြန်မာတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြ



ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ မလေးရှားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို မလေးရှား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ က ဦးဆောင်ပြီး မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။

ရင်ပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ နောက်ကျောမှာ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြဆိုတဲ့ စာတမ်းပါတဲ့ တီရှပ်အနီ ဆင်တူတွေနဲ့ ဆန္ဒပြသူ ၇၀ ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် ချက်ခြင်းလွှတ်၊ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုစာကို သံရုံးဝန်ထမ်းတွေက ထွက်မယူတဲ့ အတွက် စာတိုက်ပုံးထဲကိုပဲ ထည့်ခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက အညာနွေ တမာမြေကို ပြောပြပါတယ်။

မြန်မာသံရုံးက စေတော်ကျွန်တယောက်က ဆန္ဒပြတဲ့သူတွေကို ဗီဒီယို မှတ်တမ်း ထွက်ရိုက်တာက လွဲလို့ မလေးရှားရဲတွေရဲ့ အနှောင့်အယှက် အဖမ်းအဆီး တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဓာတ်ပုံတွေ ပေးပို့တဲ့ ကိုမင်းထက်နိုင်ကို အညာနွေ တမာမြေက ကျေးဇူးတင်ရှိပါတယ်။



အညာနွေတမာမြေ

No comments: