အခုလည်း
ပစ္စုပ္ပန်ကိုပျိုးကျဲမိသဖြင့် အနာဂတ်ကိုရိတ်သိမ်းရတော့မည်တဲ့လား
တရားကိုလက်နက်နဲ့စောင့်တယ်။
ကိုယ့်ကိုယ်ကို အမိန့်နဲ့စောင့်တယ်။
ဆွေတော်မျိုးတော်ကို အာဏာနဲ့စောင့်တယ်။
ဆရာတပည့်ကို အခွင့်အရေးနဲ့စောင့်တယ်။
လုပ်ဖော်ကိုင်ဘက်ကို ချောက်တွန်းခြင်းနဲ့စောင့်တယ်။
ငါ့ကဗျာကို ထောင်သက်တွေနဲ့စောင့်တယ်။
တောထဲကကျားတွေ ရိုးသားသွားကြကြောင်း
မြို့ထဲက လဒတွေသတင်းကြားတဲ့အခါ..
တဟားဟာရယ်မောပြောဆို ညည်းငြူ
ငါတို့နဲ့အတူညီတဲ့အခါ ဘယ်ဘယ်သူတွေဟါ
မည်းမှောင်ဝေးလွင့်ဖို့ အသင့်ရှိရစေမည့်ကြောင်း
သတင်းစာရှင်းလင်းပွဲတွေနဲ့ ထောင်းထောင်းထခဲ့လေပြီ…။
ဝမ်းနည်းခြင်းအား ကောင်းကောင်းရိတ်သိမ်းခြင်းမပြုမှီ
မိုက်မည်းမှုအလုံးစုံးအတွက်
လက်နက်လူလူသူသူ အဟာရနဲ့ မမ်းမမ်းစားရတဲ့အနပ်များ
ငါတို့အိမ်နာနီးချင်းများနဲ့ ငါတို့အကြား
အဖွံ့အဖြိုးမှာ ခြံစည်းရိုးမြင့်မြင့်ကြီးခြားခဲ့ကြ……..
တစ်ခါတုန်းက
လေကိုစိုက်ပျိုးမိသဖြင့် မုန်တိုင်းကိုရိတ်သိမ်းခဲ့ရလေမည်..တဲ့။
ဒီမှာဘုရားသခင်
ကျွန်တော်တို့တွေ အာဏာရှင်ကို မစိုက်ပျိုးခဲ့မိပါ…..
ဘာအတွက်ကြောင့်များ ရိတ်သိမ်းခိုင်းရပါလိမ့်….။ ။
စိမ်းခက်စိုး
(June 19, 2009 အမေ့မွေးနေ့အတွက်အမှတ်တရ)
အညာနွေတမာမြေ
Tuesday, June 9, 2009
“ကျွန်တော်အပါဝင်….ဘယ်သူမှ မစိုက်ပျိုးခဲ့ပါ ဘုရား”
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment