-->

Monday, June 8, 2009

ရေဒီယိုတွေကို လိုင်စင်မဆောင်ရင် အရေးယူနိုင်ဆိုပဲ

မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုပြီး ကုလားမနိုင် ရခိုင်မဲဆိုသလို ရေဒီယိုနားထောင်တဲ့သူတွေကို လိုင်စင်မရှိရင် အရေးယူနိုင်တယ်လို့ စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဇွန်လ ၇ ရက်နေ့က ဖေါ်ပြလာပါတယ်၊ ရှေ့မှီ နောက်မှီလူကြီးတွေကို မေးကြည့်တော့ မဆလ ခေတ်ဦးတုန်းက တနှစ်ကို ၁၀ ဆောင်ခဲ့ရပေမဲ့ နောက်ပိုင်း ငွေလက်ခံတဲ့စာတိုက်ကတောင် ဒီလောက်ငွေလေး အလုပ်ရှုတ်တယ်ဆိုပြီး လက်မခံလို့ ဘယ်သူမှမဆောင်တော့ပါဘူး၊ ဘယ်လိုအရေးယူမှာလဲ ရေဒီယို ရှိလို့အရေးယူမယ်ဆိုရင် ဘယ်လိုယူမှာလဲ ? ထောင်ချလို့ရမှာလား ? မြန်မာလူထုကို သတင်းအမှောင်ချထားလို့အားမရတော့ စလောင်းတွေ လိုင်စင်ဆောင်ရမယ် ရေဒီယိုတွေလိုင်စင်ဆောင်ရမယ်ဆိုတာ အရူးချေးပန်းပြောနေတာပါ၊ ရေဒီယိုထောင်လို့ ဖမ်းမယ်ဆိုလည်း မြန်မာပြည်သာ အုတ်တံတိုင်းခတ်လိုက်တော့ အာဏာရူးတွေရေ
ရေဒီယိုတွေ အသံချဲ့စက်နဲ့ ပြိုင်တူဖွင့်ကြစို့


Rest of your post
အညာနွေတမာမြေ

No comments: